Part:3🍊

206 56 9
                                    

At moon hospital>>>

" ရား.!! မြန်မြန်လာဟ အစည်းအဝေးစတော့မယ်.!!"

Taehyung နှေးတိနှေးတုန့်နှင့်လျှောက်နေသည့် Yoongi အား အားမလိုအားမရနှင့်ပြောလိုက်သည်။ ဒီနေ့က ဆေးရုံအုပ်အသစ်လာမှာမို့ ဆရာဝန်တွေအားလုံး hall ခန်းကြီးထဲ ရှစ်နာရီအရောက်စုဝေးရမည်ဖြစ်သည်။ ဒါကို Min Yoongi ကနောက်ကျမှလာတဲ့အပြင် လမ်းကိုလည်းအေးဆေးလျှောက်နေနိုင်သေးသည်။

နောက်ဆုံးတော့ သူပဲအာပေါက်တာပဲအဖက်တင်ရသည်။ Min Yoongi လိုလူက သေတဲ့ထိအေးဆေးဖြစ်နေမယ့်ကောင်မျိုး။ hall ခန်းထဲရောက်တေယ့ အရင်ဆေးရုံအုပ်က နှုတ်ဆက်သည်။ အသက်လည်းကြီးနေပြီမို့ ပင်စင်ယူသွားသည်ဟုဆိုသည်။ မကြာပါ ဆေးရုံအုပ်အသစ်ဆိုသူကရောက်လာတော့ အားလုံးနေရာတကျထိုင်လိုက်ကြသည်။

" ကျွန်တော့်နာမည် Park Jimin ပါ.!! ရှေ့လျှောက် ဆေးရုံကြီးကိုပိုတိုးတက်အောင်အားလုံးကလည်းကြိုးစားပါဝင်ပေးကြပါ..!!"

မာန်အပြည့်နှင့် ဆေးရုံအုပ်အသစ်ကို Taehyung ကြည့်နေမိသည်။ အကြည့်တွေကပြတ်သားစူးရှနေသည့်အသွင်။ အသံမှာလည်း ဩဇာအပြည့်ပါဝင်လို့နေပါသည်။ ရုပ်ရည်ကလည်း သူကြားထားတဲ့သတင်းအတိုင်းမင်းသားရှုံး‌ေလာက်အောင်ချောပေသည်။

Taehyung စိတ်ထဲမဆိုးလှပေဟုတွေးလိုက်မိသည်။
ဒီလိုနဲ့ မိန့်ခွန်းလည်းပြီးရော ဆေးရုံအသစ်ကအားလုံးကိုလိုက်ပြီးနှုတ်ဆက်လေသည်။
" ဒါက doctor Min Yoongi ပါ..ကလေးအထူးကု..! ဆေးရုံမှာလည်းအတော်ဆုံးဆရာဝန်တွေထဲကတစ်ယောက်ပေါ့.."

Jimin လည်း ဆေးရုံအုပ်ဟောင်းမိတ်ဆက်ပေးပြီးလက်ဆွဲနှုတ်ဆက်လိုက်သည် ။ ထိုလူ့ပုံက ဆရာဝန်တစ်ယောက်ရဲ့လက္ခဏာနှင့်နည်းနည်းမှမတူပေ။ သူ့ကိုလည်းမကြည်ကြည့်နှင့်ကြည်နေသလိုလိုပင်။ ဒါပေမယ့် ဒါဟာသူ့အတွက်အရေးစိုက်စရာမဟုတ်ပါလား.??

" ဒါက doctor Kim Taehyung ပါ. အရိုးအထူးကု.! သူလည်းပဲအရမ်းတော်တဲ့ဆရာဝန်ထဲကတစ်ယောက်ပေါ့ဗျာ~"

Taehyung လည်း Jimin နှင့်လက်ဆွဲနှုတ်ဆက်လိုက်သည်။

" အရမ်းတော်တဲ့ဆရာဝန်တစ်ယောက်ကျန်သေးတယ်..တလောလေးကမှအိမ်ထောင်ကျသွားတာ ခုခဏခွင့်ယူထားတယ်.."

ရိပ်Where stories live. Discover now