𝑩𝒆𝒚𝒐𝒏𝒅 𝑯𝒂𝒕𝒓𝒆𝒅:③

306 40 75
                                    

ပြောရမည်ဆိုလျှင် ထိုမာနခဲတို့ပိုင်သော ခြံ၀န်းကြီးက အတော်ကလေးကျယ်သည်။ခြံကျယ်ကျယ်၊၀န်းကျယ်ကျယ်ထဲတွင် အရိပ်ရအပင်များ အမျိုးအစား စုံလင်စွာတွေ့ရပြီး ပန်းဥယျာဥ်တစ်ခုလည်းရှိ၏။ဖြိုးဖြိုးဖြတ်ဖြတ် အရောင်အ၀ါများတောက်ပလျက် အပြင်ပိုင်းကကြည့်လျှင်ပင် အတော်ကလေး Luxuryဆန်သော အိမ်ကြီးရခိုင်မှာ ခြံ၀န်းကြီး၏ အလည်တည့်တည့်တွင် ထီးထီးကြီး ခန့်ထည်စွာ တည်ရှိနေသည်။တော်၀င်နန်းတော်ကြီးအလားပါပဲ။

❝ ဟိုထိသည်ကိုင် မလုပ်ကြနဲ့နော်။ငါ့စားပွဲ ခြစ်ရာပွန်းရာတွေထင်ရင် ငါသိပ်မုန်းတယ် ❞

အိမ်ထဲရောက်လာပြီး မိနစ်ပိုင်းတစ်ခုကြာသည့်အခါတွင် မမ၏ခြေထောက်ကိုလည်း ဆေးစည်းပေးပြီးပြီ။ထိုမာနခဲကောင်၏ ဒယ်ဒီဆိုသူ ဦးလေးကြီးက မပြန်ပါနဲ့အုံးဟူ၍ တားထားခြင်းကြောင့်သာ ကိုယ်တို့မောင်နှမနှစ်ယောက်သား အိမ်ကြီး၏ ဧည့်ခန်းဆောင်ကြီးထဲ အူအအ ယောင်နနဖြင့် ထိုင်စောင့်နေကြရခြင်းဖြစ်၏။airconလေ၏ စိမ့်အေးသောအထိနှင့် မွှေးပျံ့လှသော အခန်းအနံ့အသက်များကြားတွင် ကိုယ်နှင့်မမမှာ အနေကြုံ့လှပြီ။ကိုယ်တို့လို သာမာန်လူတန်းစားမျိုးများအတွက် ဤမျှဖိတ်ဖိတ်တောက်လက်၍ ကိန်းကြီးခန်းကြီးနိုင်လှသော အဆောင်အယောင်များက အတော်ကလေး စိတ်မသက်မသာ ဖြစ်စေ၏။အသားမကျသည်ဟုဆိုချင်ဆို၊သေးကြုံ့သွားစေသလို သိမ်ငယ်သွားစေသလို ခံစားရသည်။

❝ မာနကတော်ရုံမဟုတ်ဘူးနော်၊အငယ်လေး။ငါဖြင့် ဒီနေရာက အမြန်ပြန်ချင်ပါပြီဟယ်၊စိတ်ရှုပ်လိုက်တာ ❞

❝ နင်တင်လား။ငါဆို မြေလျှိုးပြီး အိမ်ကို ဖတ်ခနဲ တန်းရောက်သွားချင်တော့တာ။ဦးလေးကြီးက ရောက်မလာသေးလို့ ❞

မျက်နှာထားကြီး ရှစ်ခေါက်ချိုးပြုပြီး အထင်သေးနှိမ့်ချသော အကြည့်မျက်၀န်းမျိုးဆောင်လျက် ထိုမာနခဲကောင်က ကိုယ်တို့ရှိနေရာ ဧည့်ခန်းထဲ ဝဲလည်ဝဲလည် လုပ်နေသည်။မသိလျှင် ကိုယ်တွေမောင်နှမကပဲ သူတို့အိမ်ထဲက ပစ္စည်းကို အလစ်သုတ်တော့မည့် ပုံစံအတိုင်း။အံ့သြလွန်းစ။ကိုယ်နှင့်မမကလည်း သူတို့ထဲက အပ်တစ်ချောင်းမပြောနှင့်၊ဖုန်မှုန့်လေးတစ်မှုန်တောင် ကပ်ပါမလာချင်တာ။တော်ကြာနေ ဘ၀င်ရူးရောဂါပိုးပါ ကူးစက်လာမည်ကို ကြောက်လွန်းလို့။တစ်လေထဲ ရှူနေရသည်နှင့်ပင် အသက်ရှူကြပ်လှပြီ။

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now