Beyond Hatred:5

209 36 86
                                    

"ပတ်သူဌေးက စိတ်ဓာတ်အရည်အသွေး ပြည့်၀တာပဲ။ဖိတ်လို့သာဖိတ်ရပေမဲ့ ပွဲကို တက်အားမှာမဟုတ်ဘူးလို့ ကျုပ်ဖြင့် ထင်ထားတာ။ဗြုန်းဆို ရောက်ချလာတော့ ဘာမှအထူးတလည် ပြင်ဆင်ထားတာမရှိဘဲ အားနာရပါတယ်ဗျာ"

"မလိုပါဘူး။ကျွန်တော်ဒီပွဲကို လာတက်ရတာလည်း အကြောင်းရှိလို့ပါ။တခြားမိတ်ဖက်တွေကို သွားဧည့်ခံချေပါအုံး။ကျွန်တော်က အထူးဧည့်သည်တော်မှ မဟုတ်ပဲ"

"ဘယ်ဟုတ်မလဲ။သူဌေးကို တကူးတက ဖိတ်ကြားထားခဲ့ရတာ အကြောင်းရှိလို့ပေါ့ဗျ။ကျွန်တော်တို့ရဲ့ အကြီးဆုံးမိတ်ဖက်ပါတနာကြီးကို ဧည့်မခံဘဲ ဒီအတိုင်း ပစ်ထားစရာလား။ဟေ့ ကောင်လေး။ဂိုထောင်ထဲက Brandအမြင့်ဆုံး Whiskeyထုတ်ခဲ့။တစ်ပုလင်း နှစ်ပုလင်းတည်း မလုပ်နဲ့။Setလိုက် ယူလာကွာ။"

"တစ်ခုပြောပြမယ်။Whiskeyတော့မလုပ်နဲ့။ အိမ်က ဂိုထောင်ထဲ ထားစရာမရှိအောင် အပြည့်ပဲဗျ။များလွန်းလို့ လွှင့်တောင်ပစ်ချင်နေတာ"

"ဟားဟား သူဌေးက သိပ်ပွင့်လင်းတာပဲ။နို့ပေသိ ကျုပ်စေတနာကို အသိမှတ်ပြုတဲ့အနေနဲ့ အယောင်ပြလေးတော့ ယူဗျာ။အိမ်ကဂိုထောင်ထဲရောက်မှ စေတနာရှိတဲ့သူတွေ ပြန်ပေးကမ်းပေါ့။"

"စေတနာကိုတော့ လက်ခံချင်ပါတယ်။ဒါ့ထက် ကျွန်တော်စိတ်၀င်စားတာ တစ်ခုရှိနေတယ်။အကူအညီပေးရင် သိပ်ကျေးဇူးတင်မိမှာပါ"

"ပြောပါ ပွင့်ပွင့်လင်းလင်းပေါ့။ကျုပ်တို့က မိတ်ဖက်တွေဖြစ်သွားကြပြီ မဟုတ်လား"

"ဒါကတော့ သူဌေးမင်း ကျွန်တော့်အပေါ် အကူအညီ ပေးနိုင်တာ မပေးနိုင်တာနဲ့ ဆိုင်ပါတယ်"

"ကြားထားတဲ့ သတင်းတွေအတိုင်း မလွယ်ဘူးပဲ။သိပ် မာရေကျောရည်နိုင်သလားလို့"

"အခုရှုပ်မှ နောင်ရှင်းပါ သူဌေးမင်း။ကျွန်တော့်အတွက်တော့ အားနာလို့ ခါးပါရမဲ့အဖြစ်မျိုး ကနဦးအစကတည်းက ရှောင်ပါတယ်။စီးပွားရေးသမားပဲ။အကွက်မြင်ဖို့က အဓိကကျပေမဲ့ ကျွန်တော့်အဘိဓာန်မှာ ပွင့်လင်းရိုးသားခြင်းကို အဓိကလက်ကိုင်ဆောင်ပုဒ်အနေနဲ့ စွဲမြဲသုံးတယ်။"

❛𝐁𝐞𝐲𝐨𝐧𝐝 𝐇𝐚𝐭𝐫𝐞𝐝❜ 🅞🅝🅖🅞🅘🅝🅖Where stories live. Discover now