The Next (Chapter 7)
Unicode
ဩဂုတ်လ ၄ ရက်နေ့။
“ငါ့ကောင်တို့...မတွေ့ရတာကြာပြီကွာ... မင်းတို့ ငါ့အတွက်နဲ့ပင်ပန်းသွားကြပြီ”
ဖယ်ယာနေစိုင်း၏ နေအိမ်။ အတွင်း၌ ဖယ်ယာနေစိုင်း ၊ ထင်လင်း ၊ ဇော်ဟိန်း ၊ လှဖေနှင့် အေးလွင်တို့။
“မဟုတ်တာပဲဗျာ... ကိုကြီးစိုင်းကလဲ”
လှဖေမှ ပြောသည်။
“မင်းတို့က ငါ့ရဲ့ရဲဘော်ရဲဘက်တွေပဲ... ငါ့အတွက်နဲ့ မင်းတို့အသက်ပါပေးမယ်ဆိုတာ ငါသိတယ်... အဲ့တာကြောင့် ဒီနေ့... မင်းတို့ကိုငါ ကတိတစ်ခုပေးမယ်... ငါအသက်ရှင်နေသမျှ ကာလပတ်လုံး မင်းတို့ကိုဘယ်ကောင်ကမှ လက်ဖျားနဲ့မထိစေရဘူး... အေး မင်းတို့တင်မကဘူး မင်းတို့ရဲ့ မိသားစုတွေကိုပါ ဘယ်ကောင်မှ စော်ကားမော်ကားမပြောရဲစေရဘူးလို့ ငါ ဖယ်ယာနေစိုင်းက ကတိပေးတယ်”
ဖယ်ယာနေစိုင်း၏အသံသည် မာန်ပါလွန်းသည်။ ပုံမှန်စကားပြောဆိုနေစဉ် ကြားရသောအသံမျိုးမဟုတ်။
စစ်မတိုက်ခင် စစ်သားများ သွေးဆူ၍ ပြောနေကြသော အသံမျိုး ဖြစ်နေ၏။
“ငါအထဲရောက်နေတဲ့ နှစ်လလုံး ထင်ကြီးနဲ့ငဟိန်းက အခြေအနေတွေကို ထိန်းပေးထားတာဆို ဟုတ်လားကွ”
“အေး ဟုတ်တယ် ငစိုင်း... ခေါင်းဆောင်လုပ်ရတာ ထင်သလောက် တယ်မလွယ်ဘူးပဲကွ”
ထင်လင်း၏ စကားကြောင့် ဖယ်ယာနေစိုင်း ပြုံးသွားသည်။
“ဟားဟား... အဲ့လောက်ကြီးလည်းမဟုတ်ပါဘူးကွာ... ဘာပဲဖြစ်ဖြစ်ဟေ့ မင်းတို့နှစ်ယောက်လုံးကို ကျေးဇူးတင်တယ်ကွာ ဟိတ်ကောင်တွေ”
“အေးပါ... အော် ဒါနဲ့ မင်းဦးသိန်းတန်ဆီသွားပြီးပြီလား”
“ဟေ... အေးဟ ငါမသွားရသေးဘူး”
“အေး သွားလိုက်ဦး”
YOU ARE READING
The Next ( 1950 - 1970 )
Randomရန်ကုန်၌ကြီးစိုးနေသော လူမိုက်များ ၊ နိုင်ငံရေးသမားများ၏ အမှောင်ဘက်ခြမ်းများနှင့်အတူ ခေတ်ပြိုင်လူငယ်တစ်စုအကြောင်း