Chapter 10 ( Unicode )

9 0 0
                                    

The Next ( Chapter 10 )

Unicode

စက်တင်ဘာလ ၂၈ ရက်နေ့။

ဗိုလ်တထောင်မြို့နယ်၊ ၄၂ လမ်းရှိ ဖယ်ယာနေစိုင်း၏ နေအိမ်၌ ဖယ်ယာနေစိုင်းနှင့် ၎င်း၏အပေါင်းအပါများ စုဝေးလျက်။

"ကိုကြီးစိုင်း... ခေါင်းဒဏ်ရာအဆင်ပြေရဲ့လား"

အာလူးမှ မေးသည်။

"ပြေပါတယ်ကွ... ဘာမှမဖြစ်တော့ပါဘူး"

ထိုစဉ် အိမ်အတွင်းသို့ လမ်းပန်းထင်လင်းနှင့် ဇော်ဟိန်းတို့ ၀င်လာသည်။

လမ်းပန်းထင်လင်းမှာ ပုံမှန်အတိုင်းဖြစ်နေသော်လည်း ဇော်ဟိန်းမှာမူ ယခင်ကနှင့်မတူ။ မျက်နှာကား ရွှင်လန်း တောက်ပလျက်။

"ဟိတ်ကောင်တွေ... တို့ရဲ့မေတ္တာရှင်ကြီး ပါလာပြီဟေ့"

လမ်းပန်းထင်လင်း ဇော်ဟိန်းဘက်သို့ မျက်စပစ်ပြ၍ ကျီစယ်လိုက်ခြင်း။

"ဟိတ်ကောင် ဘာတွေရှောက်ပြောနေတာလဲကွ"

အခန်းတွင်းရှိ လူများအားလုံး ရယ်ရယ်မောမော ဖြစ်ကုန်ကြ၏။

"ဘာရီတာလဲကွ... မရီကြနဲ့"

"ကဲ တော်ပြီ... ငါ့ကောင်ကြီး စိတ်ဆိုးသွားမှဖြင့်... လာကြ အစည်းအဝေးစမယ်"

ဖယ်ယာနေစိုင်းမှ စကားဖြတ်သည်။

ဖယ်ယာနေစိုင်း၊ လမ်းပန်းထင်လင်း၊ ဇော်ဟိန်း ထိုသုံးဦးတို့မှာ ထိုင်ခုံ၌ ထိုင်ကြသည်။

သို့သော်ငြား ကျန်လူများဖြစ်သော လှဖေ၊ အာလူး၊ အုန်းကျော်၊ ချစ်ငယ်နှင့် အခြားလူငယ်နှစ်ဦးတို့မှာမူ ရပ်နေ၏။

ထိုင်ခုံအလွတ်များရှိသော်လည်း ၎င်းတို့ထဲမှ တစ်ဦးတစ်ယောက်မျှ ထိုင်ချင်လိုသော ဆန္ဒမရှိကြ‌ချေ။

အကြောက်တရားထက် လေးနက်ခြင်းကို ပြသည်ဆိုလျှင်ကား မမှားပေ။

The Next ( 1950 - 1970 )Where stories live. Discover now