The Next ( Chapter 11 )
Unicode
“မမ ဘာဖြစ်တာလဲ... ခြင်းတောင်းကြီးလည်း စုပ်ပြတ်နေရောပါလား”
ကမ်းနားလမ်းရှိ “သင်း” အထည်ဆိုင်အတွင်းမှ သင်းနု၏အသံ။
“ငါ့ကြောင့်ပါ... ဈေးထဲက လူတွေနဲ့ ရန်ဖြစ်ရင်း အစ်မခင်အေး ခြင်းကိုထိသွားတာ”
“နင့်ကိုငါ အတန်တန်ပြောတယ်လေ... မမ ဘာဖြစ်သွားသေးလဲ... အဲ့တာကြောင့် ပြောပါတယ် သူ့ကိုယုံလို့မရပါဘူးလို့”
“မဟုတ်ပါဘူး ညီမလေးရယ်... မောင်ဟိန်းကြောင့် မဟုတ်ရပါဘူး... ဈေးထဲက ဟို တိုးကြီး ဆိုတဲ့ကောင်ပေါ့... အစ်မကို ဆွဲလား ရမ်းလား လုပ်နေလို့ မောင်ဟိန်းက ၀င်တားပေးတာပါ”
“အော်... တိုးကြီးတို့ကြောင့်လား”
“တိုးကြီးဆိုတာ... နာရေးတွေမှာ ဦးစီးဦးဆောင်လုပ်နေတဲ့ လူမိုက်ကိုပြောတာလား”
ဇော်ဟိန်းမှ ဖြတ်မေးသည်။
“အင်း ဟုတ်တယ်လေ... နင်ကသိလို့လား”
“ဟ ငါ့သူငယ်ချင်း ငစိုင်းကို တုတ်နဲ့ရိုက်သွားတဲ့ကောင်ပဲ ငါကမသိစရာလား”
“အမလေး ဟုတ်သားပဲတော်... စိုင်းကော စိုင်းသက်သာပြီလား”
ဇော်ဟိန်းမျက်မှောင် ကြုတ်သွားသည်။
“ဟဲ့ မေးနေတယ်လေ... သက်သာလားလို့”
“နင့်လူ အကြောင်းသိတဲ့အတိုင်းပဲ... တက်တက်ကြွကြွနဲ့ ဒေါင်ဒေါင်မြည်ပဲဟေ့”
“ဟုတ်လား... နင်ကယုံရပါ့မလား... မဖြစ်သေးပါဘူး... ညနေကျရင် ငါကိုယ်တိုင် ကြက်စွပ်ပြုတ်လေး သွားပို့မှပဲ... ဒါနဲ့ နင်မပြန်သေးဘူးလား”
“အော်... ဘာများ လုပ်ပေးစရာ ရှိသေးလဲလို့ လာမေးတာ”
“မရှိဘူး... မရှိဘူး၊ ပြန်တော့”
“အေးပါ သင်းနုရာ... အစ်မခင်အေး ကျွန်တော်ပြန်လိုက်ပါဦးမယ်နော်”
“အေး အေး... ကျေးဇူးပါပဲကွယ်”
မခင်အေး ပြုံးလျက် ပြောလိုက်ခြင်း။
YOU ARE READING
The Next ( 1950 - 1970 )
Randomရန်ကုန်၌ကြီးစိုးနေသော လူမိုက်များ ၊ နိုင်ငံရေးသမားများ၏ အမှောင်ဘက်ခြမ်းများနှင့်အတူ ခေတ်ပြိုင်လူငယ်တစ်စုအကြောင်း