Chapter 12 ( Unicode )

9 0 0
                                    

The Next ( Chapter 12 )

Unicode

အောက်တိုဘာလ ၂၂ ရက်နေ့။

ဗိုလ်တထောင်မြို့နယ်၊ ဗိုလ်တထောင်ဆိပ်ကမ်းတွင် လူသူရှုပ်ထွေးလျက်။

မကြာမီ ဆိပ်ကမ်းသို့ ကားနှစ်စီး ထိုးရပ်လာသည်။

ရှေ့ဆုံးကားပေါ်မှ ဦးလှမြိုင်၊ ဖယ်ယာနေစိုင်း၊ ဇော်ဟိန်း နှင့် လှဖေ၏မိတ်ဆွေ ကားမောင်းကျွမ်းကျင်သူ မောင်ထူးတို့ ဆင်းလာ၏။

ဒုတိယကားအပေါ်မှ အုန်းကျော်၊ ဂျာဝူး၊ အာလူး၊ ချစ်ငယ်နှင့် လူသစ်ဖြစ်သူ ချစ်ဦးတို့ ဆင်းလာကြသည်။

ချစ်ဦးသည် ချစ်ငယ်၏အစ်ကိုဖြစ်သူ ဖြစ်ပြီး ‌ကားမောင်းလည်းကျွမ်းကျင်၏။

ထို့ကြောင့် ဖယ်ယာနေစိုင်းသည် မောင်ထူးအပြင် ချစ်ဦးပါ ရလိုက်သဖြင့် အသွားအလာအဖို့ စိတ်ချရလေပြီ။

ဦးလှမြိုင်နှင့် ဖယ်ယာနေစိုင်းတို့သည် အရှေ့ဆုံးမှ သွားကြသည်။

၎င်းတို့၏ အနောက်ဘက်မှလည်း တပည့်တပန်းများ တွဲ၍ပါလာ၏။

ဆိပ်ကမ်းဘေး သမန်တစ်စင်းပေါ်၌ လမ်းပန်းထင်လင်းနှင့် လှဖေတို့ စောင့်နေလျက်။

“ငစိုင်း... သမန် အဆင်သင့်ပဲ”

“အေး ဟုတ်ပြီ... ကျွန်တော်တို့ သွားကြတော့မလား... ဦးလေး”

“အေး... ဒီလိုစေ့စပ်တာတွေ အလုပ်ကိုပိပိရိရိလုပ်တာတွေ... အဲ့တာတွေကြောင့် မင်းနဲ့အလုပ်လုပ်ရတာ သဘောကျတာ... မောင်စိုင်း... မောင်စိုင်း... မင်းဒီ့ထက်တိုးတက်ဦးမှာ”

“ကျေးဇူးပါ ဦးလေး... ကျွန်တော့်ကို ချီးမွှန်းခန်းတွေ နောက်မှဖွင့်ပါဗျာ... အခုသွားကြရအောင် တော်ကြာမမှီပဲနေမှဖြင့်”

“အေး ဟုတ်ပြီ... ဟုတ်ပြီ”

ဖယ်ယာနေစိုင်းနှင့် ဦးလှမြိုင်တို့ သမန်ပေါ် တက်သွားကြပြီ။

၎င်းတို့နှင့်အတူ လမ်းပန်းထင်လင်းနှင့် လှဖေတို့လည်း ပါလာသည်။

တမန်ကား ဒလဘက်သို့ ကူးသွားလေပြီ။

ကျန်သူများမှာတော့ ကမ်း၌ နေရစ်ခဲ့ကာ ၎င်းတို့၏ အလုပ်များကို ဆက်လုပ်ကြသည်။

The Next ( 1950 - 1970 )Where stories live. Discover now