Ch 31&32

38 5 0
                                    

Ch 31

ပိုင်ရှောင်လန်က ပိုင်ချစ်ကို ဆွဲထုတ်ပြီး နို့လက်ဖက်ရည်ဆိုင်မှ ထွက်လာခဲ့သည်။

ဝိန်ရှောင်ရှောင်ကို ချစ်စရာကောင်းစွာ ပြုံးပြပြီး နူးညံ့စွာ ပြောသည် "အစ်မရှောင်ရှောင် မတွေ့တာတောင်ကြာပြီ။ အစ်ကိုချစ်နဲ့ ငါ မင်းနဲ့လိုက်လို့ရမလား"

ပိုင်ရှောင်လန်က အရမ်းလှတယ်လို့ သူမထင်တဲ့ အပြုံးကို ပြပြီး ဝိန်ရှောင်ရှောင်ကို ဂုဏ်ယူစွာ ကြည့်သည်။

ဝိန်ရှောင်ရှောင်က သူမကို ကြည့်ပြီး "တောင်းပန်ပါတယ် ငါ့အမေက ငါ့ကိုပဲ မွေးခဲ့တယ်။ ဒီကညီမက ဘယ်ကပါလဲ?"

"ဒါနဲ့ မင်းကို ငါနဲ့လည်း ခေါ်သွားမှာ အးမဟုတ်ဘူး။ ငါက မင်းနဲ့ ဘာဆိုင်လို့လဲ"

"အစ်မရှောင်ရှောင် ဘယ်လို ဒီလိုလုပ်ရတာလဲ" လို့ နူးညံ့စွာပြောရင်းနဲ့ သူမမျက်လုံးတွေနီရဲလာသည်။

ဝိန်ရှောင်ရှောင်က တစ်ခုခုကို အကြွေးတင်နေသလိုမျိုး အမူအရာနဲ့ စိတ်မကောင်းစွာ ကြည့်နေသည်။

ပိုင်ရှောင်လန်ဘေးမှာ ရပ်နေတဲ့ ပိုင်ချစ်ရဲ့ နှလုံးသားက နာကျင်နေသည်။

ဝိန်ရှောင်ရှောင်ကို ကြည့်လိုက်ပြီး ဆိုးရွားတဲ့လေသံနဲ့ "ရှောင်လန်ကို ဘယ်လိုတောင် ပြောလိုက်တာလဲ၊ အရှက်မဲ့မနေနဲ့။"

ဝိန်ရှောင်ရှောင်ရဲ့ မျက်လုံးများက အေးစက်နေပြီး လူသတ်ရန် ရည်ရွယ်ချက် အနည်းငယ်ဖြင့် ရယ်မောပြီး သူတို့ နှစ်ယောက်ကို ကြည့်ကာ "ငါက အရှက်မရှိဘူး ဟာ~"

ပိုင်ရှောင်လန် ဘယ်လောက်တောင် အရှက်မဲ့လဲဆိုတာ မင်း မမြင်ဘူးလား?

ဘယ်လိုပါလဲ?

ငါ ဆယ်ကျော်သက်အရွယ်တုန်းက ပိုင်ရှောင်လန်ရဲ့ အဖေက အရက်မူးပြီး ကားမတော်တဆမှု ဖြစ်ခဲ့ပြီး ငါ့မိဘတွေက ဆုံးသွားခဲ့တယ်။

ငါ့မိဘတွေကို သေစေခဲ့တဲ့သူကို ကြင်နာစွာ ဆက်ဆံမယ်လို့ ထင်နေတာလား?

ပြောစရာမလိုအောင် နင် ငါ့ကို ချဉ်းကပ်လာတာလည်း  ငါ့မိဘတွေ ချန်ထားခဲ့တဲ့ အမွေပစ္စည်းကို လိုချင်နေတာ မဟုတ်လား?

ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now