Ch 111&112

85 10 0
                                    

Ch 111

ချိန်ရိက သူတို့ဝင်သွားပြီး သိပ်မကြာခင်မှာ RV ကို အထဲမောင်းလာခဲ့သည်။

အခြေစိုက်စခန်းက အတော်လေးကျယ်ဝန်းပြီး RV နဲ့ မောင်းတဲ့အခါ သိပ်မကျပ်ပေ။

အမေပေါ်က သားငယ်ဂုတ်ပေါ်ရှိ မြေးလေးကို ပွေ့ဖက်ထားသည်။

အဖွားက ရုတ်တရက် သူ့ကို ပွေ့ဖက်လိုက်သဖြင့် အနည်းငယ် စိတ်မသက်မသာ ဖြစ်သွားသည်။

သူက မိခင်ကို ငိုချင်သည့်ပုံစံဖြင့် ညှိုးငယ်စွာ ကြည့်လိုက်သည်။

ဝိန်ရှောင်ရှောင်က ဝိန်ရှောင်ကို ကြည့်ပြီး ကူကယ်ရာမဲ့စွာဖြင့် "ဒါက ချစ်လေးရဲ့ဖွားဖွား တခြားသူ မဟုတ်ဘူး" လို့ ပြောသည်။

ဝိန်ရှောင်က သူ့အမေရဲ့စကားကိုကြားတော့ နာခံစွာ ခေါင်းညိတ်ပြပြီး "ဖွားဖွား" လို့ ချိုချိုသာသာ ပြောလိုက်သည်။

"အားယား တကယ့်ကို အဖွားရဲ့ အဖိုးတန်လေးပဲ" အမေပေါ်က သူ့ရဲ့ နှင်းဆီရောင်သန်းနေတဲ့ မျက်နှာလေးကို ညှစ်လိုက်သည်။

မျက်နှာငယ်လေးက ဖောင်းပြီး ညစ်တဲ့အခါ နူးညံ့မှုကို ခံစားလိုက်ရသည်။

အမေပေါ်က ဒီဖြူဖြူလုံးလုံးလေး ငါးယောက်ကြောင့် အရမ်းပျော်နေသညါ။

ကလေးကို ပွေ့ချီရင်း ဖြည်းညှင်းစွာ လမ်းလျှောက်နေတာကြောင့် တည်းခိုတဲ့နေရာကို ရောက်ဖို့ မိနစ်နှစ်ဆယ်နီးပါး အချိန်ယူလိုက်ရသည်။

ချီယန်နဲ့ တခြားသူတွေက အမေပေါ်ကို နှုတ်ဆက်ပြီး ပေါ်ရီ့ပင်းကို သူ့မိဘတွေ ဘယ်မှာနေလဲလို့ မေးပြီး ထွက်သွားခဲ့သည်။

ပေါ်ရီ့ပင်းက သူ့အစ်ကိုနောက်တွင်ရှိပြီး ဝိန်ရန်နှင့် ဝိန်ဟိန်တို့ရဲ့ ခေါင်းကို ရံဖန်ရံခါ ကိုင်ကာ ရလာဒ်အနေဖြင့် မျက်စောင်းထိုးခံလိုက်ရသည်။

အိမ်ထဲကို လူတစ်စု ဝင်လာပြီး အဖေပေါ်က အသံကြားလို့ လှည့်ကြည့်လိုက်သည်။

ဇနီးသည်က ကလေးကို ပွေ့ချီထားတာကို တွေ့လိုက်ရသည်။ ထိုကလေးက ငယ်ငယ်တုန်းက သားနှစ်ယောက်နဲ့ အရမ်းဆင်သည်။

ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now