Ch 125&126

464 38 0
                                    

Ch 125

နှစ်ယောက်သား အောက်ထပ်ဆင်းလာစဉ် အော်ဟစ်သံများ တယောက်ပြီး တယောက် အော်ဟစ်သံတွေ ထွက်ပေါ်လာပြီး လူကို တုန်လှုပ်ချောက်ချားစေသည်။

ဝိန်ရှောင််ရှောင်က မျက်မှောင်ကြုတ်ပြီး "လျန်လျန် အပြင်မှာ ဘာဖြစ်နေတယ်လို့ ထင်လဲ" လို့ ပြောသည်။

ပေါ်ရီလျန်နဲ့ ဝိန်ရှောက်ရှောင်တို့က RV တံခါးဘေးတွင် ရပ်နေကြသည်။ ဇွန်ဘီဘုရင် ဆင်းလာတုန်းက RV တံခါးကို ပိတ်ခဲ့သည်။

သူတို့ အောက်မဆင်းဘဲ ခဏလောက် နားထောင်နေသည်။

"အားးးးး......"

"ကယ်ကြပါအုံး....."

ချိန်လီက ကြောက်ရွံ့တုန်လှုပ်သွားပြီး အေးစက်နေတဲ့ မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲနေသည်။

သူ့နောက်က လိုက်လာတဲ့ တခြားငါးယောက်ကလည်း ထိတ်လန့် ပြီး ထွက်ပြေးသွားသော်လည်း ဘယ်လောက်ပင် လျင်မြန်စွာ ပြေးနေပါစေ ဖမ်းမိဆဲဖြစ်သည်။

"အရားး...."

ဇွန်ဘီဘုရင်က သူဖမ်းမိတဲ့လူတွေကို ဟောက်ပြီး ဖမ်းခံရတဲ့လူတွေက အလန့်လွန်ပြီး မူးလဲသွားသည်။

ခဏအကြာတွင် ဝိန်ရှောင်ရှောက်နဲ့ ပေါ်ရီ့လျန်တို့က RV တံခါးကိုဖွင့်ပြီး ထွက်လာခဲ့သည်။

ကြည့်လိုက်တော့ မြေပြင်ပေါ်တွင် လဲလျောင်းနေတဲ့ လူခြောက်ယောက်ကို  ရဲတိုက်လို စုပုံထားတာက ဝိန်ရှောင်ရှောင်ရဲ့ပါးစပ်ကို O ပုံစံဖြစ်သွားစေသည်။

"လျန်လျန် ဒီလူတွေကို သိလား" ဝိန်ရှောင်ရှောင်က မြေပြင်ပေါ်မှာ စုပုံနေတဲ့ လူခြောက်ယောက်ကို လက်ညှိုးထိုးပြသည်။

ပေါ်ရီ့လျန်က အပေါ်အောက်ကြည့်ကာ ခေါင်းခါပြီး "မသိဘူး"

ကမ္ဘာမပျက်ခင်မှာ သူက ဝိန်ရှောင်ရှောင်ကိုရှာဖို့ လာခဲ့တယ်။ သူသိတဲ့လူတချို့ကလွဲရင် အခြေစိုက်စခန်းမှာရှိတဲ့လူတော်တော်များများကို မသိဘူး။ မြေပြင်ပေါ်က လူခြောက်ယောက်က ကောင်းသည်ဖြစ်စေ မကောင်းသည်ဖြစ်စေ မနက်ဖြန်မှသာ ဆုံးဖြတ်နိုင်မည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now