Ch 105&106

691 62 0
                                    

Ch 105

ဇွန်ဘီဘုရင်ကိစ္စကို ‌ဖြေရှင်းပြီးနောက် ဝိန်ရှောင်ရှောင်က အလွန်ဆာလောင်လာပြီး ဇွန်ဘီဘုရင်ကို ပြင်းပြင်းထန်ထန် စိုက်ကြည့်လိုက်သည်။

အရှုပ်အထွေးတွေကို ရှင်းပြီးတဲ့အခါ ဇွန်ဘီဘုရင်က မီးဖိုချောင်ထောင့်မှာ နာခံစွာဖြင့် ထိုင်နေသည်။ ဝိန်ရှောင်ရှောင်က သူ့ကို စိုက်ကြည့်ရန် ခက်ခဲသွားသည်။

ဇွန်ဘီဘုရင်ကို လျစ်လျူရှုပြီး အိုးကိုဆေးကြောပြီး မနက်ဖြန်အတွက် အစားအသောက်ကို ပြင်ဆင်နေသည်။

ကျန်းဖုစီက ကလေးတွေကို မတားန်ိုင်ဘဲ မီးဖိုချောင်ထဲက်ို ထွက်ပြေးလာသည်။

"မေမေ ဗိုက်ဆာတယ်။" ကလေးတွေက ၎င်းတို့ရဲ့ဗိုက်ကို ထိလိုက်ကာ ဝမ်းနည်းနေသောမျက်လုံးများဖြင့် မိခင်ကို မော့ကြည့်သည်။

ဝိန်ရှောင်ရှောင်က သူမနဖူးကို ရိုက်လိုက်သည်။ သူမ တကယ်ကို ဒေါသထွက်နေသည်။ ကလေးတွေအားလုံးက ဗိုက်ဆာနေကြပြီ။

ပေါ်ရီ့လျန်က လျှောက်လာပြီး ဒူးထောက်ကာ "မင်းတို့ ဧည့်ခန်းထဲသွားပြီး မေမေကို စောင့်နေကြ။ ခဏနေ လာခဲ့မယ်"

သူတို့ခေါင်းလေးတွေကို ကိုင်ပြီး ပြုံးပြီး ပြောလိုက်သည်။

ကလေးတွေက ဧည့်ခန်းထဲကို ပြန်သွားပြီး စောင့်နေကြသည်။ ပေါ်ရီ့လျန်က မီးဖိုချောင်ထဲက အသီးအရွက်တွေကို ဆေးကြောရင်း ကူပေးသည်။

ဝိန်ရှောင်ရှောင်က တစ်ဘက်မှာ ကြက်ဥကြော်ပြီး တစ်ဘက်မှာ ခေါက်ဆွဲပြုတ်နေသည်။ သူမက ထပ်ပြီး ဟင်းချက်ချင်စိတ် မရှိတော့ပေ။

ခေါက်ဆွဲပြုတ်ပြီး ပန်းကန်တွေထဲထည့်ကာ ပေါ်ရီ့လျန်နဲ့ ဧည့်ခန်းထဲမှာ စားပွဲဆီ ယူလာသည်။ 

သူတို့က ခေါက်ဆွဲကို မကြည့်တော့ဘဲ အလျင်အမြန် စားနေကြသည်။

သူတို့ အရမ်းဗိုက်ဆာနေပြီး အခုစားနေတဲ့ ခေါက်ဆွဲက အရင်ကစားဖူးတာထက် ပိုအရသာရှိတယ်လို့တောင် ခံစားရသည်။

နေ့လည်စာကို အရင်ကထက် အများကြီးနောက်ကျပြီးမှ စားပြီး တစ်နာရီခွဲလောက်မှာ ပြီးသွားသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now