Ch 85&86

542 48 0
                                    

Ch 85

ထိုနေရာမှ ထွက်လာပြီး မကြာမီတွင် ကလေးတွေ နိုးလာသည်။

ကလေးတွေနဲ့ ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း မကြာခင် မှောင်စပြုလာသည်။

ညနေပိုင်းတွင် ဝိန်ရှောင်ရှောင်နှင့် ကလေးတွေက ဧည့်ခန်းထဲတွင် ပေါ်ရီ့လျန် ပြန်လာတာကို စောင့်နေကြသည်။

သူပြန်လာတာကို မမြင်ရသေးတာကြောင့် ဝိန်ရှောင်ရှောင်ရဲ့နှလုံးသားက မစ်ိုးရိမ်ဘဲ မနေနိုင်ပေ။

ဆင်ခြေဖုံးရပ်ကွက်တွင် RV တစ်စီး မောင်းနှင်လာခဲ့သည်။

သူတို့ကို ခေါ်ယူတဲ့ လုပ်ငန်းစဉ်က မချောမွေ့ခဲ့ပေ။

အသွင်ပြောင်းစပါးအုံမြွေနဲ့ ကြုံတွေ့ပြီးနောက်မှာတော့ အသွင်ပြောင်းကြွက်တွေကိုလည်း ကြုံတွေ့ခဲ့ရသည်။

အသွင်ပြောင်းကြွက်တွေက အရွယ်အစားသေးငယ်ရုံသာမက လျင်မြန်ပြီး အလွန်များပြားသဖြင့် အချိန်များစွာသုံးခဲ့ရသည်။

သူတို့ကို ခေါ်ယူသည့် လုပ်ငန်းစဉ်တွင် RV ကို ကြားဖြတ်လိုသော တခြားအသင်းများနှင့် ကြုံတွေ့ခဲ့ရပြီး နောက်ဆုံးတွင် နှစ်သင်း ခိုက်ရန်ဖြစ်ပွားခဲ့ရသည်။

ပေါ်ရီ့လျန်တွင် တိုက်ခိုက်နိုင်တဲ့သူ လေးယောက်သာရှိသော်လည်း ချိန်ရိတွင် တိုက်ခိုက်နိုင်စွမ်း မရှိပေ။

ဒါပေမဲ့ တစ်ဖက်မှာ လူတစ်ဒါဇင်ကျော်ရှိပြီးတော့ သူတို့အားလုံးက စွမ်းအားရှင်တွေဖြစ်လို့ တိုက်ရတာ နည်းနည်းခက်သည်။

ဒါပေမဲ့လည်း ပေါ်ရီ့လျန်က တိုက်ပွဲအတွေ့အကြုံ ရှိတဲ့သူတစ်ယောက်ဖြစ်ပြီး အထူးစွမ်းရည်များပါရှိတာကြောင့် နှစ်သင်းစလုံး အကြိတ်အနယ်ဖြစ်ခဲ့ကြသည်။ ဒါပေမယ့် အနည်းနဲ့အများတော့ ခန္ဓာကိုယ်မှာ ဒဏ်ရာအနည်းငယ်ရခဲ့သည်။ 

ကံကောင်းစွာဖြင့် အပြန်ခရီးက မည်သည့်မတော်တဆမှုမှ မရှိဘဲ ချောမွေ့သွားခဲ့သည်။

ပေါ်ရီ့လျန်က အခြေစိုက်စခန်းနဲ့ ပိုပြီးနီးကပ်လာတာကို ကြည့်ပြီး သူ့လက်မောင်းဒဏ်ရာကို ကြည့်ကာ ခဏငြိမ်သက်သွားသည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now