Ch 101&102

516 44 0
                                    

Ch 101

ထို့နောက် ဝိန်ရွှန့်ဟန်က ဝိန်ရှောင်ရှောင်ရဲ့အခန်းကို ဝင်လာကာ လှည့်ပတ်ကြည့်သည်။

သူက စောင်ကို ဖယ်လိုက်ပေမယ့် ဘယ်သူမှ ရှိမနေဘူး။

ထို့ကြောင့် သူက ဗီရိုတံခါးကို ဖွင့်ရန် အနားကို ညင်သာစွာ လျှောက်လာသည်။

ဝိန်ရွှန့်ဟန်က ဗီရိုကိုဖွင့်ကြည့်လိုက်တော့ ဝိန်ဟိန်ကို တွေ့လိုက်ရသည်။

"တွေ့ပြီ၊မြန်မြန်ထွက်လာ!" ဝိန်ရွှန့်ဟန်က သူ့ကို လက်ချောင်းနဲ့ အကြိမ်အနည်းငယ် ထိုးလ်ိုက်သည်။

ဗီရိုထဲက လေးဘက်ထောက် ထွက်လာပြီး သူ့ကို ရယ်စရာကောင်းတဲ့ပုံစံနဲ့ တွေ့ရလိုက်သည်။

ဒါပေမယ့် ပြောရမယ်ဆိုရင်တော့ တော်တော်လေး ချစ်စရာကောင်းသည်။

ဝိန်ရွှန့်ဟန်က ရယ်မောရင်း သူ့ရဲ့ အပြုအမူလေးတွေကို ကြည့်ပြီး ရယ်စရာကောင်းတယ်လို့ ခံစားရသည်။

သူ ဗီရိုထဲက ထွက်လာပြီးနောက် ဝိန်ရွှန့်ဟန်က တခြားနေရာတွေကို သွားကြည့်သည်။

ရေချိုးခန်းထဲကို ဝင်ရှာပေမယ့် ရှာမတွေ့ခဲ့ပေ။ နည်းနည်းလောက် စဉ်းစားပြီးနောက် ကုတင်အောက်ကို ငုံ့ကြည့်လိုက်သည်။

တကယ့်ကို အထဲမှာ ပုန်းနေတဲ့ ကလေးနှစ်ယောက်ရှိနေပြီး သူတို့ရဲ့ ဦးခေါင်းလေးတွေက ကပ်နေသည်။

ဝိန်ရှောင်နှင့် ဝိန်ဖိန်တို့က မျက်လုံးဝိုင်းဝိုင်းဖြင့် မယုံနိုင်ဖွယ် စိုက်ကြည့်နေကြသည်။

"ဦးဦး ညီမတို့ကို ဘယ်လို မြန်မြန်ရှာတွေ့တာလဲ။ ဦးဦးက အရမ်းတော်တာပဲ" ဝိန်ဖိန်က ပြုံးပြီး ဝိန်ရွှန့်ဟန်ကို ချီးကျူးသည်။

ခွေးကလေးတစ်ကောင်လို ကုတင်အောက်ကနေ တွားသွားပြီး ထွက်လာသည်။

ဝိန်ရွှန့်ဟန်က သူမ‌ခေါင်းကို ထိမှာ ကြောက်တာကြောင့် သူမကို ကာကွယ်ဖို့ စိုက်ကြည့်နေခဲ့သည်။

ဝိန်ဖိန်က ဘေးကင်းစွာ ထွက်လာခဲ့ပြီး ဝိန်ရှောင်က နောက်ကနေ လိုက်လာခဲ့သည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now