Ch 139

512 50 0
                                    

Ch 139

"ဒါဆို ချစ် ခုတင်ပေါ်မှာ အရင်လှဲနေ။ ကိုယ် မီးဖိုချောင်က်ု သွားပြီး ချစ်သောက်ဖို့ ယာဂုကို အပူပေးလိုက်မယ်။" ပေါ်ရီ့လျန်က ဝိန်ရှောင်ရှောင်ကို လေးလေးနက်နက်နဲ့ နူးညံ့စွာ ကြည့်ကာ သူမရဲ့ဆံပင်ကို ပွတ်သပ်လိုက်သည်။

"ဟုတ် ကိုမြန်မြန်သွားလေ! ဗိုက်ဆာလွန်းလို့ ကျောနဲ့ကပ်နေပြီ။" ဝိန်ရှောင်ရှောင်က ကလေးဆန်စွာ နှုတ်ခမ်းစူပြီး သူမဗိုက်ကို လက်ဖြင့် ပွတ်သပ်လိုက်သည်။

ပေါ်ရီ့လျန်က ဒါကိုမြင်တော့ ချစ်စရာကောင်းတယ်လို့ ခံစားလိုက်ရသည်။ သူမနှုတ်ခမ်းကို နမ်းပြီး မီးဖိုချောင်ကို သွားခဲ့သည်။

ပေါ်ရီ့လျန် ထွက်သွားပြီးနောက် ဝိန်ရှောင်ရှောင်က "မက်မွန်သီးလေး ငါဘာလို့ ဒီလိုအိပ်မက်မက်တာလဲဆိုတာ သိလား"

"သခင် နောက်ကျရင် သိရလိမ့်မယ်။ ဒါပေမယ့် အရမ်းကြီး စိတ်ပူနေစရာ မလိုဘူး။ သခင့်ကို ထိခိုက်အောင်လုပ်တဲ့သူက မရှိတော့ဘူး" မက်မွန်သီးလေးက အရိပ်အမြွက်အနေနဲ့ ပြောပေမယ့် အကုန်လုံး မပြောပြပေ။

'မက်မွန်သီးလေးက စိတ်ပူစရာ မလိုဘူးလို့ ပြောပေမယ့် နည်းနည်းတော့ စိတ်ပူနေသေးတယ်။ အိပ်မက်ထဲမှာ ဖြစ်ပျက်ခဲ့တာတွေက တကယ်ကို အစစ်အမှန်မို့ သူမကို နာကျင်စေခဲ့တယ်'

ဝိန်ရှောင်ရှောင် မှိန်းနေချိန်တွင် ပေါ်ရီ့လျန်က ယာဂုနှင့်အတူ ဝင်လာခဲ့သည်။

ယောက်ျားက ကုတင်ဘေးမှာထိုင်ပြီး ဇွန်းကို ယူပြီး နှုတ်ခမ်းရှေ့ယူကာ မှုတ်ပြီး သူမကို ဂရုတစိုက် ကျွေးသည်။

ဝိန်ရှောင်ရှောင်က ပါးစပ်ကိုဖွင့်ပြီး စားသည်။ ရုတ်တရက် ဂျုံယာဂုက အရမ်းအရသာရှိတယ်လို့ ခံစားလိုက်ရသည်။

နှစ်ရက်လောက် မေ့မြောနေပြီး အရမ်းဆာလောင်နေတာကြောင့် ဖြစ်နိုင်သည်။ 

ယာဂုတစ်ပန်းကန်စားပြီးနောက် သူမက အားအင်ပိုရှိလာပြီး ဗိုက်နာတယ်လည်း တော်တော်လေး သက်သာလာသလို ခံစားလိုက်ရသည်။

စားပြီးတာနဲ့ ပေါ်ရီ့လျန်က သူ့မါးစပ်ကို တစ်ရှူးနဲ့ သုတ်လိုက်သည်။

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now