Ch 17&18

753 62 0
                                    

Ch 17

ပေါင်ရီ့လန်က သူ့သားကို ဘယ်လိုပုံစံနဲ့ ဆက်ဆံရမလဲဆိုတာကို တွေးတောနေသည်။

ဝိန်ရှောင်ရှောင်က ကလေးငါးယောက်ကို ရေချိုးပေးပြီး ကုတင်ပေါ်တင်ကာ "ချစ်လေးတို့ အရင်အိပ်ရာဝင်ပါ။ မေမေ ချစ်လေးတို့ အဖေနဲ့ စကားပြောမလို့။" လို့ပြောလိုက်သည်။

ထိုစကားကိုပြောပြီးနောက် အခန်းမှထွက်လာပြီး ဆိုဖာပေါ်ထိုင်နေတဲ့ ပေါင်ရီ့လန်ကို ကြည့်ကာ "မစ္စတာပေါင် ဒီကို ဘာရည်ရွယ်ချက်ရှိလို့ လာလည်းဆိုတာ သိချင်တယ်" လို့ မေးလိုက်သည်။

"ငါတို့ တခြားနေရာမှာ စကားပြောလို့ရမလား" ပေါင်ရီ့လန်က ပြောသည်။

"ကောင်းပြီ ငါနဲ့လိုက်ခဲ့!" အဲဒါနဲ့ ဝိန်ရှောင်ရှောင်က သူ့ကို စာကြည့်ခန်း ခေါ်သွားသည်။

ပေါင်ရီ့လန်က စကားကို တိုက်ရိုက်ပြောပြီး "မင်းနဲ့ မင်းရဲ့ကလေးကို Bမြို့ကို ခေါ်သွားချင်တယ်။ မင်းကို ပိုအဆင်ပြေအောင် ဂရုစိုက်ချင်တယ်"

ဝိန်ရှောင်ရှောင်က သူ့မျက်လုံးတွေကို ကြည့်လိုက်ပြီး သူဘာတွေ လုပ်ချင်လဲဆိုတာ သိချင်လာသည်။

"မင်းနဲ့ကလေးအတွက် ငါလုပ်ပေးချင်တာ။ မင်းရဲ့ဘဝကို ဖျက်ဆီးပစ်ခဲ့ပြီး မင်းအတွက် ငါတာဝန်ယူသင့်တယ်" ပေါင်ရီ့လန်က လေးလေးနက်နက် မျက်နှာထားနဲ့ ပြောသည်။

ဒါပေမယ့် ဝိန်ရှောင်ရှောင်က သူဒီလိုဖြစ်တာ တော်တော်ရယ်စရာကောင်းတယ်လို့ ထင်သည်။

"ငါ မင်းနဲ့ ထွက်သွားမယ်လို့ ကတိပေးနိုင်တယ်။ ဒါပေမယ့် အခု မဟုတ်ဘူး။ အခု ကလေးတွေအကြောင်း အရင်ပြောပြပါရစေ။"

"ကောင်းပြီ!" ပေါင်ရီ့လန်က ဝိန်ရှောင်ရှောင်ရဲ့ ဆန့်ကျင်ဘက်တွင် ထိုင်နေပြီး သူမကို တည့်တည့်ကြည့်နေသည်။ 

"အသက်အကြီးဆုံးက ဝိန်မို၊ သူက ခပ်အေးအေးနေတဲ့ စရိုက်ရှိပြီး စကားပြောရတာ မကြိုက်ဘူး။ သူက မင်နဲ့တူတာ ဖြစ်နိုင်တယ်။"

"ဒုတိယကလေး ဝိန်ဟိန်က နည်းနည်းတော့ နွေးထွေးတယ်။ ဒေါသအကြီးဆုံးနဲ့ ခေါင်းမာဆုံးလည်း ဖြစ်တယ်။ နွားဆယ်ကောင်တောင်မှ သူယုံကြည်တဲ့အရာကို မပျက်စီးနိုင်ဘူး။"

(Complete) ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now