Ch 49&50

42 5 0
                                    

Ch 49

ရှယ်ရွှေမြို့မှ ကီလိုမီတာ ဒါဇင်ပေါင်းများစွာ ဝေးသော အခန်းတစ်ခုတွင် အသက်ရှင် ကျန်ရစ်သူ အများအပြား ရှိနေသည်။

မြို့တိုင်းတွင် အခြေစိုက်စခန်းတစ်ခု သို့မဟုတ် နှစ်ခုရှိသည်။ သေချာသည်မှာ အရည်အချင်းရှိသောသူများက မပုန်းအောင်းဘဲ ရှင်သန်နိုင်စွမ်း မရှိသောသူများက အခြေစိုက်စခန်းသို့သွားရန် ရွေးချယ်ကြသည်။

အခန်းထဲမှာ အသက်ရှင်ကျန်ရစ်သူ ငါးဆယ်ကျော်လောက်ရှိမယ်ထင်ပြီး သူတို့က အခြေခံအားဖြင့် သာမန်လူတွ ဖြစ်သည်။

ယောက်ျား၊ မိန်းမ၊ ကလေး၊ လူကြီး၊ လူငယ်၊ လူတိုင်း ဗိုက်ဆာလွန်းလို့ အရိုးပဲ ကျန်တော့သည်။

လူတစ်ယောက်က ပြန့်ကျဲနေသော စားစရာတချို့ကို လက်ထဲတွင် ကိုင်ဆောင်ကာ အပြင်မှ ဝင်လာကာ ထိုလူများအတွက် မလုံလောက်ပေ။  အခန်းတွင်းရှိလူတိုင်းက အချိန်အတော်ကြာ ဆာလောင်နေခဲ့သော ဝံပုလွေကဲ့သို့ သူ့လက်ထဲတွင်ရှိသော အစာများကို စိုက်ကြည့်နေကြသည်။

"အဘိုး နိုးလာပါတော့!" ထောင့်မှာ ထိုင်နေတဲ့ ကလေးမလေးက မြေပြင်ပေါ်မှာ လဲလျောင်းနေတဲ့ အဖိုးအိုကို ညင်သာစွာ တွန်းလိုက်သည်။

ကလေးမလေးက အလွန်ပိန်လှီးပြီး သူမရဲ့အဝတ်အစားများက ဟောင်းနွမ်းပုံ‌ပေါက်ကာ ဖုန်အနည်းငယ်တက်နေသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော အဘိုးအိုက အသက်ရှုကြပ်ကာ သိသိသာသာပင် သေဆုံးသွားသည်။

အဘိုးအိုက အသက်နည်းနည်း ကြီးနေပြီဖြစ်၍ ထမင်းအတော်ကြာအောင် မစားမသောက်ရသေးသောကြောင့် နေမကောင်းမှန်း သိသာလှသည်။

မခန့်မှန်းနိုင်သော ရာသီဥတုကြောင့် အဘိုးကြီး မခံနိုင်တော့ပေ။

“အဘိုး၊ အဘိုး။” ကောင်မလေးက ဝမ်းနည်းစွာ ငိုပြီး မျက်ရည်တွေက မိုးရွာသလို ကျဆင်းလာသည်။

ထိုအသံကိုကြားတဲ့အခါ ငိုနေသည့် ကောင်မလေးရှိရာ နေရာဆီသို့ လျှောက်သွားသည်။

အခန်းက အရင်လို ကြီးကြီးမားမားမဟုတ်ပေ။ ခြေတံရှည်ရှည်ဖြင့် ခြေလှမ်းအနည်းငယ်လှမ်းရုံနဲ့ ကောင်မလေးအနားကို ရောက်သွားသည်။

ကမ္ဘာပျက်ကပ်တွင် ကလေးငါးယောက်နဲ့အတူ ဖြတ်သန်းခြင်းWhere stories live. Discover now