Pt.34 🚨

3K 281 231
                                    

Omega များ heat ၀င်လျှင် သူ၏မိတ်က အဖော်လုပ်ပေးပြီး အလိုလိုက်၊ အကြိုက်ဆောင်ရုံမျှဖြင့် ပြီးသွားပေမဲ့ Alpha များ Rut ထချိန်သည် ထင်သလောက်မလွယ်ကူပေ...

အထူးသဖြင့် Jungkook လို ပထမဦးဆုံး Rut ချိန်သည် ကြားဖူးနား၀များစွာဖြင့်ပြင်ဆင်ထားသည့်တိုင် Jungkook အတွက်နည်းနည်း‌လေးမှကို စိတ်တိုင်းကျ,မနေပေ...

Rut ချိန်နီးလာလေလေ စိတ်တွေက ပိုကြမ်းလာလေလေဖြစ်လို့ Rut ချိန် အတိအကျမရောက်ခင်မှာကိုပင် သူတို့နှစ်ဦး၏အိပ်ခန်းထဲတွင် အခန်းတံခါးပိတ်ကာ သီးသန့်နေရသည်...

Seokjin ၏ heat ကာလနှင့် မတူသည်မှာ Jungkookက သူ၏ rut ချိန်ကို အခြားနေရာမှာ ကုန်ဆုံးမည်မဟုတ်ပေ... ကုမ္မဏီကိစ္စများကလည်း အကြာကြီး လက်လွဲထားလို့မရတာမို့ သူ၏ rut ချိန်ကို Jeon အိမ်တော်၌သာ ဖြတ်သန်းမည်ဟု ပြောလာသောကြောင့် Seokjin မှာ အိမ်တော်ထိန်းမင်နှင့် အိမ်အကူများ၏အကူအညီတို့ဖြင့် သူတို့၏အိပ်ခန်းအနေအထားကို အစွမ်းကုန်ကြိုးစားကာပြင်ဆင်ခဲ့ရသည်...

သူတို့၏အိပ်ခန်းကတော့ Jungkook အကြိုက် အနက်ရောင်ဖက်သန်းနေကာ မီးလုံးများက အနီနှင့်ခရမ်းရောင်သာရှိသည်... အရာရာတိုင်းက အေးစက်တိတ်ဆိတ်ကာ ငြိမ်သက်လျှက်...

ပူလှသည်ဟုဆိုသောကြောင့် ဂိတ်ဆုံးဖွင့်ထားသော အဲကွန်းအောက်မှာ Seokjinက ပြာနှမ်းချင်နေပြီ... သို့ရာတွင် သူ မညည်းရဲ..

ခုတောင် Boxer တစ်ထည်နှင့် အခန်းထဲလျှောက်သွားနေသော Jungkookသည် ဒီထက်သာ အဲကွန်းအအေးကို လျှော့လိုက်ရင် အဲ့ဒီ boxer လည်း သူ့ကိုယ်မှာ ကပ်တော့မယ်မထင်...

အပူသည်တောင် သူ့လောက်ပူမည်မဟုတ်...

နေ့နေ့ညည အလင်း‌ရောင်၀င်လျှင်လည်း လွန်စွာဒေါသကြီးသောကြောင့် ထူပိန်းလှသည့် လိုက်ကာအနက်ရောင်များဖြင့် ရှိသမျှအပေါက်တိုင်းကို ကာထားရသည်... အလင်းရောင်ဆိုလို့ သူတို့ခေါင်းရင်းက စားပွဲတင်မီးအိမ်သေးသေးသာ ရှိသည်...

ခုလည်း အမှောင်ထဲမှာ Seokjin က ကုတင်ဆီမှန်းကာ လျှောက်သွားနေသည်...

"Jungkook"

သူ တိုးတိုးခေါ်ကာ စမ်းတ၀ါး၀ါးသွားနေဆဲ... တော်သေးသည်၊ သူငယ်စဥ်ကတည်းက နေလာသည့် အခန်းမို့သာပဲ...

Jeon's Angelic Omega [ABO/kookjin] ✅Where stories live. Discover now