Chapter-93

2K 261 12
                                    

Zawgyi

"ကျွန်တော်က လော့ရှန်ဟွာရဲ့အပြုအမူနဲ့ပတ်သတ်ပြီး မသင့်တော်ဘူးလို့ထင်မိလို့ပါ" လူငယ်က လော့ကျန်းပေ့ကို ရှက်ပြုံးပြုံးပြရင်း ပြောလိုက်မိသည်၊ဘေးကလူတွေက လူငယ်ရဲ့အမူအရာက မျက်မှောင်ကြုတ်သွားတော့သည်၊

လော့ရှန်ဟွာရဲ့မွေးနေ့ပွဲကိုလာပြီး ဝေဖန်တဲ့အပြင် လော့ရှန်ဟွာရဲ့ချစ်သူကိုပင် မျက်စပစ်ချင်နေသေးသည်၊ဒီခေတ်လူငယ်တွေက စည်းဆိုတာ ဘာလဲမသိကြတော့ဘူးလား၊

"သူစိမ်းတစ်ယောက်က ကိုယ်နဲ့မဆိုင်ပဲဝင်ပြောတာကရော သင့်တော်တယ်လို့ မင်းထင်တယ်ပေါ့" လော့ရှန်ဟွာက ထိုလူငယ်ကို တစ်ချိန်လုံးအကဲခတ်ပြီးနောက်မှာ မေးလိုက်သည်၊လူငယ်ရဲ့အကြည့်တွေက သူ့ဆီရောက်လာချိန်မှာ မုန်းတီးမှုများတွေပင် ပါနေသေးသည်၊

"ငါက ဦးလေးလော့ဖုရဲ့မွေးစားသားလော့ချင်းဟွာပဲလေ...ဒါဆိုရင် ဒီစကားဝိုင်းမှာ ငါကသူစိမ်းတစ်ယောက်မဟုတ်ဘူးဆိုတာ မင်းသိသွားပြီပေါ့" လော့ချင်းဟွာက မောက်မာပြီးယုံကြည်ချက်အပြည့်နဲ့ပြောလာပေမယ့် လော့ရှန်ဟွာကရယ်မောလာတော့သည်၊

"ဒီနေရာမှာ သင့်တော်လားမသင့်တော်ဘူးဆိုတာ ငါပဲဆုံးဖြတ်ပိုင်ခွင့်ရှိတယ်...အဲတော့ မင်းရဲ့အပြုအမူတွေက မသင့်တော်တာကြောင့် ငါ့မွေးနေ့ပွဲက မင်းကို မကြိုဆိုဘူး ထွက်သွားပေးနိုင်မလား" လော့ရှန်ဟွာက ဝှီးချဲရဲ့နောက်ကျောကို မှီရင်း ပြောလိုက်သည်၊

"မင်း!" လော့ချင်းဟွာက ရှက်ရွံ့မှုကြောင့်ဒေါသထွက်သွားပြီး တစ်ခုခုပြောရန်ပြင်ချိန်မှာ လော့ရင်းရင်းက ငြိမ်ငြိမ်နေရန်ပြောလိုက်သည်၊သူမကလည်း လော့ချင်းဟွာရဲ့မထိန်းနိုင်မသိမ်းနိုင် အပြုအမူ​ကြောင့် စိတ်ပျက်သွားသည်၊

"ပျော်ရွင်စရာမွေးနေ့လေးဖြစ်ပါစေရှန်ဟွာ၊အပူအပန်ကင်းကင်းနဲ့ ဘဝကို ချမ်းချမ်းသာသာဖြတ်သန်းရပါစေ " လော့ရင်းရင်းက စိတ်မပါတပါနဲ့ ဆုတောင်းပေးလိုက်တော့ လော့ရှန်ဟွာလည်း ပြုံးလိုက်ပြီးတော့ ကျေးဇူးတင်စကားပြောလိုက်သည်၊

"ဒါပေါ့ ခေါင်းကိုင်အမေနဲ့ကျွန်တော်မိခင်ရဲ့အမွေတွေကြောင့် ကျွန်တော့်ဘဝက သုံးမကုန်၊ဖြုန်းမကုန်ဘဝကို ရရှိပြီးပြီ...အာ ဖွားလေး(၂)မွေးနေ့ဆုတောင်းကြောင့်များလားနော်"

Daddyရဲ့ ကလေးလေး ဖြစ်ခွင့်ပေးပါလား( Completed) Where stories live. Discover now