chapter 6

68 13 0
                                    

အမှုတွဲ၄ အပိုင်း၆

လောင်စာ[၂]

နောက်တစ်နေ့မနက်တွင် ဒေသခံရဲမှ သေဆုံးသူ၏ အကြောင်း သတင်းရလာသည်။ သေဆုံးသူမှာ ရေးဗားဂျော့မြို့မှ ၉နှစ်အရွယ် ရီနီဒိုးလေ အမည်ရှိ ကလေးမလေးတစ်ဉီးဖြစ်သည်။ လီယိုနှင့် လီပိချင်က ထိုမြို့သို့ အရင်သွားရန် ဆုံးဖြတ်လိုက်သည်။ အကယ်၍များ ရေကန်အောက်တွင် အခြားနစ်နာသူများ၏ အလောင်းများ ရှာတွေ့ပါက အက်ဒမ်က သူတို့ကို ဖုန်းဆက်အကြောင်းကြားမည်ဖြစ်သည်။

ရေးဗားဂျော့မြို့၏ သာမာန်လူနေရပ်ကွပ်တစ်ခုသို့ ရောက်သည်နှင့် ဒေသခံရဲများက သေဆုံးသူကလေးမလေး၏ နေအိမ်ကို တားမြစ်ကန့်သတ်ထားကာ သက်လတ်ပိုင်းမိန်းမတစ်ယောက်ကို ခေါ်သွားရန် ပြင်နေကြသည်။ သူ(မ)၏ ခန္ဓာကိုယ်က ပိန်ချုံးနေကာ စိတ်လွတ်နေပုံရပြီး ရွှေအိုရောင်ဆံပင်ကို တိုတိနေအောင် ညှပ်ထား၍ သူ(မ)တစ်ကိုယ်လုံးက လေးလံထိုင်းမှိုင်းလို့နေခဲ့သည်။ လွန်ခဲ့သည့်၁၀နှစ်ဝန်းကျင်လောက်က‌တော့ သူ(မ)က လှပမှုရှိမည့် ပုံစံမျိုးဖြစ်ပြီး သူ(မ)၏ ပျော်ရွှင်မှုတွေက ၁၀စုနှစ်တစ်ခုကြာ ပျောက်ဆုံးနေသယောင်ပင်...

သူ့အိုင်ဒီကတ်ကို ပြပြီးသည်နှင့် လီယိုက အရပ်ရှည်ရှည်ပိန်ပါးပါး ဒေသခံရဲစီသို့ လျှောက်သွားလိုက်သည်။

“သူ့နာမည်က ဘယ်လာရီတဲ့။ သူ(မ)က သေဆုံးသူနဲ့ သွေးသားတော်စပ်တဲ့မိခင်ဘဲ။” ထိုရဲက အမျိုးသမီးအား စိတ်ပျက်သည့် အကြည့် ကြည့်ကာ ဖြေလာသည်။

“ဘာဖြစ်လို့လဲ?”

”သူ့ကိုအမေလို့တောင် မခေါ်ထိုက်လို့လေ။ သူ့ကလေးတွေကို သူက အကြမ်းဖက်တယ်။ သူတို့ကို ရိုက်နှက်ဆဲဆိုပြီး အဝတ်လည်းကောင်းကောင်းမဝတ်ပေး၊ အစားလည်းကောင်းကောင်းမကျွေး။ ပိုဆိုးတာက လွန်ခဲ့တဲ့၂လက ၆လအရွယ် သူ့သားအရင်းကို သူကိုယ်တိုင် ရေချိုးကန်ထဲ နှစ်ခဲ့လို့။”

“အပြစ်မပေးဘူးလား?” ဖက်ဒရယ်အေးဂျင့်က ‌ဒေါသမျက်ဝန်းများဖြင့် မေးလာသည်။

“ဆရာဝန်တော်တော်များများက သူ့ရဲ့စိတ်ကစဉ်ကလျားရောဂါနဲ့ ပတ်သက်ပြီး စစ်ဆေးပြီးတော့ တရားဉပဒေက အကျုံးမဝင်တော့ဘဲ စိတ်ရောဂါကုဆေးရုံကိုပို့ခဲ့တယ်။  ကျန်တဲ့ကလေး၂ယောက်ကို ဘုန်းတော်ကြီး ဖာသာစမစ်က ခေါ်ယူ‌စောင့်ရှောက်ပေးထားတယ်လေ။
ဒီနှစ်မေလရောက်တော့ ဆေးရုံက သူ့ရဲ့အခြေအနေက တိုးတက်လာပြီး နေ့စဉ်ဘဝကို ဘာသက်ရောက်မှုမှ မရှိတော့ဘူးဆိုပြီး ပြန်လွှတ်ပေးလိုက်တာ။ သူပြန်လာလာခြင်း ချက်ကျောင်းကို ကလေးတွေ သွားခေါ်ပြီး သူ့သမီး၂ယောက်ရဲ့ အုပ်ထိန်းခွင့်ကိုပြန်တောင်းတော့တာဘဲ။ ဖာသာစမစ်သာ ဆက်ခေါ်ထားရင် အကြီးမလေးလည်း ရေကန်အောက်မှာ မြှပ်ခံရမှာ မဟုတ်ဘူး။ ဒီလောက် ချစ်ဖို့ကောင်းတဲ့ ကလေးမလေးကို။”

The Last Killer (Myanmar Translation)Where stories live. Discover now