148.2

471 73 0
                                    

ပိုင်ချန် အခု ဝင်နေတဲ့ ခန္ဓာကိုယ် ပိုင်ရှင်ရဲ့ နာမည် က ကျိုးအန်း ဖြစ်သည်။ သူနဲ့ ကွမ်းရှောင်ရှောင်းတို့ က တက္ကသိုလ် တစ်ခုတည်းက ကျောင်းသားတွေ ဖြစ်သည်။ သူတို့ ၂ယောက် က အရင်တုန်း က မသိခဲ့ကြပေမ့် ကျိုးအန်း က ကွမ်းရှောင်ရှောင်း အကြောင်း ကြားဖူးခဲ့သည်။ ကမ္ဘာပျက်ကပ် ရောက်လာတဲ့ အချိန်မှာ သူတို့ တက္ကသိုလ် က လူတော်တော်များများ သေသွားခဲ့ကြသည်။ ကျောင်းသား ၁၀ယောက်မှာ ၈ယောက်၊ ၉ယောက်လောက်က ဖုတ်ကောင်တွေ ဖြစ်သွားခဲ့သည်။

ကမ္ဘာပျက်ကပ် စဖြစ်တဲ့ အချိန်မှာ ကျိုးအန်း က တက်ရမယ့် အတန်းချိန် မရှိတာကြောင့် အဆောင်ရဲ့ ကုတင်မှာ အိပ်နေခဲ့သည်။ သူ့ကုတင် အောက်ထပ် က အခန်းဖော်ရဲ့ ဖုတ်ကောင်လို အော်သံကို ကြားလိုက်ရတာကြောင့် သူ နိုးသွားခဲ့သည်။  အဲဒီအခန်းဖော် က ကုတင်ပေါ် တက်ပြီး သူ့ကို ဖမ်းချင်နေတဲ့ပုံပေါ်သည်။

သူနဲ့ မရင်းနှီးပေမယ့် သူ့ကို စားချင်နေတဲ့ အခန်းဖော်ကို ကြည့်ပြီး နည်းနည်း ကြောက်သွားခဲ့သည်။ သူ့ရဲ့ စိတ်ထဲမှာ မကောင်းတဲ့ အတွေးတစ်ခု ဝင်လာခဲ့သည်။ အခန်းဖော် က ဘာဖြစ်သွားတာလဲဆိုတာ သူ မသိပေ။ အဲဒီအချိန်မှာ သူ ဘာမှမစဉ်းစားနိုင်လောက်အောင် စိတ်တွေ ရှုပ်ထွေးနေခဲ့သည်။ ဒီကြောက်စရာကောင်းတဲ့ အခန်းဖော်ကို ကြည့်ပြီး ပေါ်လာတဲ့ အတွေး က သူ့ကို ဆေးရုံ ပို့ရမယ် ဆိုတာပဲ ဖြစ်သည်။  

သူ့ရဲ့ အခန်းဖော်ကို ရှောင်တဲ့ အနေနဲ့ အခန်းဖော် ကို စောင်နဲ့ ပတ်လိုက်တဲ့ အချိန်မှာ သူ့အခန်းဖော် က စောင်ကို အပေါက်ဖြစ်အောင် လုပ်ပြီး သူ့လက်ကို လှမ်းဆွဲလာခဲ့သည်။ သူ့အခန်းဖော် လှုပ်လို့မရ ဖြစ်နေတုန်း အခန်းတံခါးကို ဖွင့်ကာ အပြင်ကို ထွက်ကြည့်လိုက်တော့မှ သူ့အခန်းဖော် တစ်ယောက်တည်း ရူးသွားတာ မဟုတ်ကြောင်း သူ သိလိုက်ရသည်။

ကျိုးအန်း Resident Evil ကို ကြည့်ဖူးတာကြောင့် ဖုတ်ကောင်တွေရဲ့ အကြောင်း ကို ချက်ချင်း အမှတ်ရသွားခဲ့သည်။ ထိတ်ခန့်တကြားနဲ့ အိပ်ဆောင်ကို ပြန်လာခဲ့သည်။ အိပ်ဆောင် ကနေ လှေကားကို ငုံ့ကြည့်လိုက်သည်။ ကျောင်းထဲမှာ ရှုပ်ယှက်ခက်နေပြီး လူသားစားတဲ့ ဖုတ်ကောင်တွေ က နေရာတိုင်းမှာ ရှိနေခဲ့သည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now