151

495 89 1
                                    

  အဖိုးချွီ က သူ သေခါနီးမှာ ငိုခဲ့ပြီး သူ့ကိုယ်သူ အပြစ်တင်ခဲ့သည်။ သူ့ ချွီမိသားစုရဲ့ ပယောဂ စွမ်းရည်တွေ တိုးတက်အောင် မလုပ်နိုင်ခဲ့တာကြောင့် သူ့ကိုယ်သူ အပြစ်တင်ခဲ့ပြီး ချွီမိသားစု ဆုတ်ယုတ်လာတာတွေ အတွက် သူ့ကိုယ်သူ အပြစ်တင်ခဲ့သည်။

တက္ကသိုလ်ကနေ ဘွဲ့ရပြီးတဲ့ ချွီယွီကော က သူ့အဖိုးရဲ့ နောက်ဆုံး အချိန်မှာ ကိုယ့်ကိုကိုယ် အပြစ်တင်ပြီး ရှိုက်ကြီးတငင် ငိုကြွေးနေတာကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။ ကုတင်ပေါ်မှာ လှဲနေတဲ့ အဖိုးချွီ က လှဲနေရင်း တစ်နေရာကို ကြည့်ကာ ဖမ်းဆုပ်ချင်နေသလိုမျိုး လက်ကို မြှောက်လိုက်သည်။ အဲဒီနောက်မှာတော့ နောက်ဆုံး ထွက်သက်ကို ရှူလိုက်တာကြောင့် လက်က ပြန်ပြုတ်ကျသွားခဲ့ရသည်။

အဲဒီအချိန်မှာ ဖြစ်ခဲ့တဲ့ ကိစ္စကြောင့် ယိုင်နဲ့နေတဲ့ ချွီယွီကောရဲ့ ဆုံးဖြတ်ချက် ကို ပိုခိုင်မာသွားစေခဲ့သည်။ သူ ပယောဂနှိမ်နင်းတဲ့ နည်းလမ်းတွေ ကို ဆက်ပြီး သင်ချင်သည်။ သူ ချွီမိသားစု ကို တိုးတက်အောင် မလုပ်နိုင်ပေမယ့် ချွီမိသားစုရဲ့ ပယောဂနှိမ်နင်းတဲ့ နည်းလမ်းကို တက်မြောက်ချင်ခဲ့သည်။

ပယောဂ နှိမ်နင်းတဲ့ အလုပ် က ကိုယ့်ဟာကိုယ် လေ့လာရုံနဲ့ ဖြေရှင်းနိုင်တဲ့ ပြဿနာ မဟုတ်ပေ။ ချွီယွီကော က အရည်အချင်း သိပ်မကောင်းတာကြောင့် ၁၀နှစ်ကျော် ကြာသွားတာတောင် ဝိညာဉ်စွမ်းအား အနည်းငယ်ပဲ စုစည်းနိုင်ခဲ့သည်။ ကျွမ်းကျင်တဲ့ ပညာရှင်ထံမှ လမ်းညွှန်မှု မရခဲ့ပေ။ သူ့အတွက် ချွီမိသားစု လျှို့ဝှက်စာအုပ်ကို ကိုင်ထားရင်တောင် အောင်မြင်ဖို့ ခက်ခဲနေသေးသည်။ အဲဒါကြောင့် သူ မတော်တဆ ကြားခဲ့ရတဲ့ ပယောဂ နှိမ်နင်းရေး တက္ကသိုလ် ကို အာရုံစိုက်ထားလိုက်သည်။

တက္ကသိုလ်မှာ ပယောဂဆရာ အသိုင်းအဝိုင်း က ဆရာကြီးတွေ အများအပြား ရှိကြောင်း ကောလဟာလတွေ ထွက်နေခဲ့သည်။ သူတို့ က ပယောဂ နှိမ်နင်းတဲ့ နည်းလမ်းတွေ သင်ပေးပြီး မသိတဲ့ မေးခွန်းတွေ၊ သံသယတွေ ကို ဖြေရှင်းပေးသည်။ ပယောဂ နှိမ်နင်းတဲ့သူ တစ်ယောက် က သူတို့ရဲ့ အမြင်ထဲ ရောက်သွား‌အောင် လုပ်နိုင်ခဲ့ရင် သူတို့ရဲ့ တပည့် အဖြစ် လက်ခံပြီး သူတို့ တတ်ထားသမျှ အားလုံး သင်ပေးတတ်ကြသည်။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now