155

910 114 0
                                    

   ပထမ ဘူးသီးခြောက်ထဲမှာ မုန်းတီးမှု မရှိတဲ့ သာမန် တစ္ဆေ တစ်ကောင် ဖြစ်သည်။ ကျန်းကျန့်ဟွာ က ပိုင်ချန်အား တစ္ဆေ ကို လူဝင်စားတဲ့ နေရာပို့ပေးဖို့ တောင်းဆိုလိုက်သည်။

ဒုတိယ ဘူးသီးခြောက်ထဲမှာ နာကြည်းမှုရှိနေတဲ့ တစ္ဆေ တစ်ကောင် ဖြစ်သည်။ အဲဒီတစ္ဆေ ကို နှိမ်နင်းခိုင်းလိုက်သည်။

တတိယ ဘူးသီးခြောက်ထဲမှာ ရှိနေတာ က ယင် ချီတွေ ဖြစ်သည်။ ကျန်းကျန့်ဟွာ က ယင်ချီ ကို သူ့ခန္ဓာကိုယ်ပေါ်မှာ စွဲနေအောင် လုပ်လိုက်ပြီး ပိုင်ချန်အား ဖယ်ရှားခိုင်းလိုက်သည်။

ဒီ၃ခု က ဆရာသခင်တွေ တတ်မြောက်ထားရမယ့် အရာတွေ ဖြစ်သည်။ ပိုင်ချန် က အကုန်လုံး ကို ပြီးပြည့်စုံစွာဖြင့် ဖြေရှင်းပေးခဲ့သည်။ ကျန်းကျန့်ဟွာ သူ့ကို ကြည့်ပြီး ခေါင်းမညိတ်ဘဲ မနေနိုင်ခဲ့ပေ။

အကြီးအကဲတွေရဲ့ လမ်းညွှန်မှု မရှိဘဲ ကိုယ့်ဟာကိုယ် ၂နှစ်လောက် လေ့လာရုံနဲ့ ဒီအဆင့်အထိ ရောက်လာနိုင်တယ်ဆိုတော့ သူက ဉာဏ်ကြီးရှင် တစ်ယောက် ဖြစ်သည်။

စမ်းသပ်ပြီးနောက် ကျန်းကျန့်ဟွာ က ပိုင်ချန်နဲ့ အတူတူ ပြန်ထွက်လာခဲ့သည်။ သူ့မျက်နှာပေါ်မှာ အပြုံးတစ်ခု ရှိနေပြီး စိတ်အခြေအနေ ကောင်းနေတာ သိသာနေခဲ့သည်။ သူ ပိုင်ချန် ကို ကြည့်ပြီး ပြောလိုက်သည်။

"မင်းက ပယောဂ နှိမ်နင်းတာကို ကျွမ်းကျွမ်းကျင်ကျင် နဲ့ ထိန်းချုပ်ထားနိုင်ပြီး အကဲဖြတ် စစ်ဆေးတာကို အောင်သွားပေမယ့် မင်းရဲ့ အရည်အချင်းနဲ့ဆိုရင် မင်းကို သင်ကြားပေးဖို့ အကြံးအကဲ၊ ဒါမှမဟုတ် ဆရာတွေ ရှိလာခဲ့ရင် မင်းရဲ့ လက်ရှိ ခွန်အားထက် ပိုကောင်းလာလိမ့်မယ်။ ပယောဂ နှိမ်နင်းတဲ့ တက္ကသိုလ်မှာ ၁နှစ်၊ ၂နှစ်လာက် သွားတက်ပြီး အဆင့်မြင့် နည်းလမ်းတွေ သွားသင်ဖို့ ဦးလေး အကြံပေးချင်တယ်။ အဲဒီမှာ အတော်ဆုံး ဆရာသခင်တွေ ရှိပြီး ဆရာသခင်တွေ အတွက် အထောက်အပံ့ တွေ အများကြီးပဲ ရှိတယ်။ ဆရာသခင် အသိုင်းအဝိုင်း ကို ဝင်လာတဲ့ မင်းတို့လို လူငယ်တွေ အတွက် အကောာင်းဆုံး နေရာပဲ"

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now