153

531 90 1
                                    

   ရိုးရှင်းတဲ့ အနမ်း တစ်ခုသာ ဖြစ်သည်။ ဒဏ်ရာတွေ က ချက်ချင်း မပျောက်သွားသော်လည်း အိပ်ပျော်နေတဲ့ ပိုင်ချန်ကတော့ ဒဏ်ရာတွေ ပျောက်သွားသလိုမျိုး နှုတ်ခမ်းလေးတွန့်ကာ ပြုံးလိုက်သည်။

ပိုင်ချန် သူ့ရဲ့ ဖြူဖွေးနေတဲ့ လက်၂ဖက်ကို ဆန့်ထုတ်ကာ ဘေးနား က လူရဲ့ လည်ပင်းကို ဖက်ထားလိုက်သည်။ သူ့ရဲ့ ခေါင်းကို အဲဒီလူရဲ့ လည်ပင်းကြားမှာ မြှုပ်ထားလိုက်ပြီး အဲဒီလူရဲ့ လည်ပင်းနဲ့ ပွတ်သပ်လိုက်သည်။

ပျော့ပျောင်းနူးညံ့နေတဲ့ ဆံပင်လေးတွေ က အဲဒီလူရဲ့ အထိမခံနိုင်တဲ့ လည်ပင်း ကို ပွတ်တိုက်သွားပြီး နှလုံးသားထဲ အထိ ယားယံသွားစေခဲ့သည်။

အဲဒီလူ က ပိုင်ချန်ရဲ့ ခြေထောက်တွေ ကို ချလိုက်ပြီး အိပ်ပျော်နေတဲ့ ပိုင်ချန်ရဲ့ မျက်နှာလေး ကို ကြည့်လိုက်သည်။

သူ့ဘေးနားမှာ ရှိနေတဲ့ လူကြောင့် ပိုင်ချန် က အရမ်း သက်တောင့်သက်သာ ရှိစွာဖြင့် အိပ်ပျော်နေခဲ့သည်။ ဖြူဖွေးနေတဲ့ မျက်နှာလေး က ပျော်နေသလိုမျိုး ပန်းနုရောင် နှုတ်ခမ်းလေးတွေ က ကော့တက်နေခဲ့သည်။ ခုနကလို ဝမ်းနည်းနေတဲ့ အမူအရာ မရှိတော့ပေ။

သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ပိုင်ချန်ရဲ့ နှုတ်ခမ်း ကို အသာလေး ပွတ်သပ်လိုက်သည်။ နှုတ်ခမ်းလေး က နူးညံ့အိဖက်နေခဲ့သည်။ လက်ချောင်းထိပ်နဲ့ ဖွဖွလေး ထိခဲ့ပေမယ့် သူ့ရဲ့ လက်က နှုတ်ခမ်းကနေ မခွာချင်တော့ချေ။ သူ့ရဲ့ လက်ကို အားနည်းနည်း သုံးလိုက်ပြီး သူ့လက်ချောင်းတွေ ကို ပိုင်ချန်ရဲ့ ပါးစပ်ထဲ ထည့်ပစ်ချင်စိတ် ပေါ်လာခဲ့သည်။

 အဲဒီခံစားချက် က အရမ်း ကို လှပလွန်းတဲ့ ခံစားချက် ဖြစ်မယ် ထင်တယ်။

အဲဒီလို တွေးလိုက်ရုံနဲ့ သူ့ရဲ့ စိတ်ထဲမှာ တစ်ခုခု လုပ်ပစ်ချင်စိတ်ပေါ်လာခဲ့သည်။

ဒါပေမဲ့ သူ ဘာမှမလုပ်ဘဲ သူ့ရဲ့ စိတ်ဆန္ဒတွေ ကို ထိန်းချုပ်ကာ ပိုင်ချန်ရဲ့ နှုတ်ခမ်းကနေခွာလိုက်သည်။

သူ ကုတင် ခေါင်းရင်း ကို မှီထားလိုက်ပြီး သူ့ရင်ခွင်ထဲမှာ  အိပ်ပျော်နေတဲ့ ပိုင်ချန် ကို စိုက်ကြည့်နေခဲ့သည်။ သူ ဘာတွေ တွေးနေလဲဆိုတာ ဘယ်သူကမှ မသိနိုင်ပေ။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Where stories live. Discover now