150

754 100 5
                                    

Arc 9 : ငါ က တစ္ဆေဘုရင်နဲ့ တွဲနေတယ်!

  ပတ်ဝန်းကျင် တစ်ခုလုံး က မှင်ရောင်လို မည်းမှောင်နေခဲ့သည်။ ထုထည်ကြီးမားလွန်းတဲ့ အမှောင်ထု က အသက်ရှူလို့ မဝတဲ့ အထိ ဖြစ်နေစေခဲ့သည်။ သူ့ရဲ့ လက်တွေ ကို မတွေ့နိုင်သလို သူ့ရဲ့ နားထဲမှာ ဘာအသံကိုမှ မကြားရပေ။ သူ ကိုယ်တိုင်ရဲ့ အသက်ရှူသံ အပါအဝင်ပေါ့။ တိတ်ဆိတ်လွန်းတာကြောင့် ကြောက်စရာကောင်းနေခဲ့သည်။

ပိုင်ချန် အခု ထူးဆန်းတဲ့ နေရာမှာ ရောက်နေခဲ့သည်။

သူနဲ့ မော့ရန် မူလပိုင်ရှင်ရဲ့ မိဘတွေ ကို လျှို့ဖန်းတောင်မှာ သဂြိုဟ်ပေးပြီးနောက် မော့ရန် က သူ့ကို ကျောပိုးကာ တောင်ပေါ် က ဆင်းလာတာကို သူ မှတ်မိနေသေးသည်။

'ဘာဖြစ်သွားတာလဲ?'

'မော့ရန်ကော?'

'ဒါ ဘယ်နေရာလဲ?'

ပိုင်ချန် အံ့အားသင့်သွားခဲ့သည်။ ဒီအမှောင်ထုထဲကနေ ထွက်ပေါက်ရှာဖို့ အရှေ့ကို လျှောက်သွားရန် ကြိုးစားလိုက်သည်။ ၁၀မိနစ်လောက် လမ်းလျှောက်နေပေမယ့် အမှောင်ထုက လွဲပြီး ဘာကိုမျှ မတွေ့ရသေးပေ။

သွားနေတဲ့ လမ်းတစ်လျှောက် ဘာအတားအဆီးနဲ့မှ မတွေ့ခဲ့ရချေ။ မဟုတ်ရင် သူ့ရဲ့ အမြင်အာရုံမှာ ပြဿနာရှိနေတယ်လို့ ပိုင်ချန် တွေးမိလိမ့်မည်။

ပိုင်ချန် လမ်းလျှောက်နေတာကို ရပ်လိုက်ပြီး မျက်မှောင်ကြုတ်လိုက်သည်။

'ဒါက မဟုတ်သေးဘူး'

[စနစ်?]

ပိုင်ချန် စိတ်ထဲကနေ စနစ် ကို ခေါ်လိုက်သည်။

၁စက္ကန့်.

၂စက္ကန့်..

၃စက္ကန့်...

တိတ်ဆိတ်နေဆဲ ဖြစ်သည်။ စနစ် က ပေါ်မလာနိုင်ဘူး ဆိုရင်တောင် သူ ခေါ်လိုက်ရင် စနစ် က ပြန်ဖြေတဲ့ အသံ ကို ကြားနိုင်ဆဲ ဖြစ်သည်။ ဒီတစ်ကြိမ်မှာတော့ စနစ် က သူနဲ့ အတူတူ ရှိမနေသလိုမျိုး လုံးဝ မလှုပ်ရှားလာခဲ့ပေ။

ပိုင်ချန်ရဲ့ သံသယတွေ ပိုများလာခဲ့သည်။ 

ဒါပေမဲ့ ဒီအတိုင်း ထိုင်စောင့်နေတာ က ပိုင်ချန်ရဲ့ ပုံစံ မဟုတ်ပေ။

သူက အရမ်း ချွဲလွန်းတယ် (Book 2)Hikayelerin yaşadığı yer. Şimdi keşfedin