Part7

194 8 0
                                    

(Unicode)
လွန်ခဲ့သော 5နှစ်ခန့်က.....

အထက်တန်းကျောင်းတခုတွင်ကောင်လေးတယောက်မုန့်စျေးတန်းတနေရာတွင်ငိုယိုနေသည် ဒါကိုမြင်တော့ မနေနိုင်ပဲကောင်လေးနားသွား၍ "မောင်လေး ဘာလို့ငိုနေတာလဲ မုန့်စျေးတန်းကြီးမှာ"

"ဟို...ကျွန်တော် ဗိုက်ဆာလို့ပါ"
ကောင်လေးကိုကြည့်ရသည်မှာတကယ်ပင်ဗိုက်ဆာနေဟန်တူသည် တဂွီဂွီနဲ့ အသံတွေပင်ကြားနေရသည်...

ပန်းသွေးခြယ်လဲမနေနိုင်ဒီလိုကောင်လေးတွေမြင်ရင်သူတကယ်သနားမိသည် ကိုယ်ချင်းစာမိသည် ကိုယ်ကိုတိုင်ကလဲအဲ့လိုကြံုခဲ့ဖူးတာကို ခုမှသာသူ့ဘဝက သူ့ဖေဖေကြောင့်ချမ်းသာလာခြင်းဖြစ်သည်....

"မောင်လေးမငိုနဲ့တော့နော် မမမင်းကိုမုန့်ကျွေးမယ် မင်းစားချင်တဲ့ဟာဝယ်စားနော် လာမမနဲ့လိုက်ခဲ့"ဟူ၍ လင်းညို့ဇေယျာလက်ကိုဆွဲပီးမုန့်များကိုလိုက်ဝယ်ကျွေးခဲ့သည်

လင်းညို့ဇေယျာကငယ်ငယ်လေးတည်းကမိဘတွေစွန့်ပစ်တာခံခဲ့ရတာသူ့ဘဝမှာ အဖေ အမေဆိုတာဘာမှန်းတောင်မသိခဲ့ အဖွားကပဲစျေးရောင်းပီးသူ့ကိုရှာကျွေးနေတာဆိုလဲမှန်သည်

ဒီနေ့သူကျောင်းလာတော့အဖွားကနေမကောင်း၍ အိပ်ရာထဲတွင်လှဲနေသည်

"အဖွား သားကျောင်းသွားတော့မယ်နော် အေး အေးမြေးလေး မုန့်ဖိုးယူသွားဦးလေ အဖွားဒီနေ့စျေးရောင်းမထွက်တော့ လက်ထဲ ငါးရာပဲရှိတယ်ကွယ်"

လင်းညို့ဇေယျာက အဖွားကိုငဲ့၍ "ရပါတယ် အဖွားရယ် ကျွန်တော်မယူသွားတော့ဘူး ကျောင်းမှာ ရေသောက်ပီးဗိုက်မှောက်နေလိုက်မယ်"ဟူ၍ အဖွားစိတ်မကောင်းမဖြစ်အောင်စနောက်နောက်ဖြင့်ပြောလေသည်....

မုန့်စားဆင်းချိန်ရောက်တော့သူတကယ်ပင်ဗိုက်ဆာလာသည် မနက်စာလဲမစားခဲ့ အဖွားအတွက်သာထားခဲ့သည်....

အတန်းထဲကသူတွေကသူ့ကိုရှိတယ်လို့တောင်မထင် အဖတ်မလုပ်ကြ သူများတွေစားတာငေးကြည့်နေရတဲ့သူ့အဖြစ်....

ကျွန်တော်သာ ကျွန်တော်မဟုတ်ခဲ့လျှင်Where stories live. Discover now