Part(19)

113 4 1
                                    

(Unicode)

လင်းည်ို့ကားကိုအကြမ်းပတမ်းမောင်းကာဆေးရုံသို့ရောက်သော်သူအရင်ဆုံးရှာသူမှာဒေါက်တာမင်းမြတ်သိဂ်ါကိုပင်....

ဒေါက်တာမင်းမြတ်သိဂ်ါကိုမတွေ့၍သူနာပြုမလေးတွေကိုမေးလိုက်တော့ဒေါက်တာအပြင်ခဏထွက်သွားသည်ဆိုပီးဒေါက်တာနားနေခန်းတွင်ထိုင်စောင့်ခိုင်းသည်

လင်းညို့နိုင်လင်းဆီလဲသွားရဦးမည်ဖြစ်သောကြောင့်ဒေါက်တာမင်းမြတ်နားနေခန်းမသွားတော့ပဲနိုင်လင်းအခန်းကိုသာမေးပီးလာခဲ့လိုက်သည် ...

"ဟျောင့် လင်းညို့မင်းခုမှပေါ်လာတယ်နော် ကိုယ့်သူငယ်ချင်းလေးသေမလိုဖြစ်တာတောင်လာမကြည့်ဘူးနော် တော်တော်ခင်ဖို့ကောင်းတဲ့သူငယ်ချင်းလေး"

"ကိုနိုင်လင်းရယ် မဟုတ်ရပါဘူးဗျာ ကျွန်တော်လဲအချစ်ကြောင့်အကုန်လုံးကိုမေ့သွားတယ်ထင်ပါရဲ့"

"ဟမ် ဟမ် ဘာပြောလိုက်တယ် အချစ်ကြောင့် မင်းအချစ်ကဘသူလဲ"

"ဟီး...ကျွန်တော်အချစ်လေးကဒေါက်တာမင်းမြတ်သိဂ်ါလေ"

"ဟာ ဟျောင့်မင်းကွာ ဟုတ်မှလဲလုပ်ပါ ဒေါက်တာကဒီလောက်ချောတာမင်းနဲ့တောင်မတန်ပါဘူးလင်းည်ို့ရယ် တန်ရာတန်ရာမှန်းပါကွာ"

"ကိုနိုင်လင်း ခင်ဗျားနော် ဘာဖြစ်လဲ ကျီးကန်းဘဲဥချီထားသလိုဖြစ်လဲကျွန်တော်ကတော့ချစ်မှာပဲဗျာ"

"ဒါနဲ့ငါပြောမလို့ မင်းမလာခင် ဒေါက်တာမင်းမြတ်ငါ့အခန်းဆီလာသေးတယ် ငါ့အခြေအနေလာကြည့်တာ"

"အဲ့ဒါ ဘာဖြစ်လို့ လဲဗျာ အထူးအဆန်းလုပ်လို့"

"ဟာ ဘာဖြစ်ရမလဲကွ သူလာတုန်းကသူ့ဘေးမှာကောင်မလေးတယောက်ပါသေးတယ် ဒေါက်တာမလေးပဲကွတော်တော်ချောတယ်"

လင်းညို့ သိလိုက်ပါသည် အဲ့ဒါပန်းသွေးခြယ် စောနကလေးတင်မှ ဒေါက်တာလာရင်ချော့ဖို့အတွက် ဒေါက်တာကြိုက်တတ်သည်ထင်သည့်မုန့်များကိုပင် ဝယ်ခဲ့သေးသည် ကိုနိုင်လင်းအတွက်တောင် ထမင်းပေါင်းတပွဲပဲဝယ်ခဲ့သည် ... ကိုနိုင်လင်းပြောသည့်စကားများကိုကြားပီး သူ့ရင်ထဲကြိတ်မနိုင်ခဲမရဖြစ်နေသည် ...

ကျွန်တော်သာ ကျွန်တော်မဟုတ်ခဲ့လျှင်Where stories live. Discover now