Part(46)

127 5 1
                                    

(Unicode)

Dinner ပွဲအပြီး ဒေါက်တာမင်းမြတ်က ဦးဘုန်းဇော်ကိုသွားနှုတ် ဆက်ကာ ပန်းသွေးခြယ်နဲ့ လင်းညို့ဇေယျာကတော့ နဂို ထိုင်နေသည့် ခုံမှာပင်။ လင်းညို့ဇေယျာ
ပန်းသွေးခြယ်နဲ့ တခုံတည်း အတူရှိမနေချင်။ ဒေါက်
တာနဲ့ ပန်းသွေးခြယ် ဖောက်ပြန်နေသည်ကို သိပီးကတည်းက ပန်းသွေးခြယ်က်ို စိတ်နာမိသည်။ ဒေါက်တာမင်းမြတ်ကိုတော့ သူ၏ နှလုံးသားက စိတ်မနာနိုင် သည့် အပြင် အရာရာတိုင်းကို ခွင့်လွှတ်ပေး နိုင်သည် အထိ မိုက်မဲလွန်းလှသည်။ ထိုင်ရာမှ ထပီး ကားနား တွင်သာ
သွားစောင့် နေလိုက် တော့သည်။ လင်းညို့ဇေယျာ
ကားရပ် ထားသည့် နေရာ ကနေ ဒေါက်တာ
မင်းမြတ်ကို လှမ်းကြည့်တော့  ဦးဘုန်းဇော် ဆိုသည့်ဆေးရုံအုပ် အပြင် သူ၏ သားဖြစ်တဲ့ ဘုန်းခေတ်မင်း နဲ့ပါ ရီရီမောမော စကားတွေ ပြောနေကြသည်။ ဘာတွေ ပြောနေ ကြလဲတော့ လင်းညို့ဇေယျာ ကိုယ် တ်ိုင်လဲမသိ။ ထိုကောင်လေးနဲ့ ဒေါက်တာ မင်းမြတ်တို့အရမ်း ရင်းနှီးလွန်းသည့် ပုံစံပေါက်နေကာ သဝန်တော့တိုမိသည်။
စကားပြော အပီး လက်ဆွဲတောင် နှုတ်ဆက် လိုက် ကြသေး သည်။ ဒေါက်တာ မျက်နှာက လင်းညို့နဲ့ တွေ့တုန်းကလို မဟုတ် ပြုံးဖြီးကာ ပါးစပ်ပင် နားရွက်တပ်ချိတ်တော့ မည့်အတိုင်းပင်။ ထိုကောင်လေး ကလဲ သွားဒက်များ ပေါ်သည်ထိ ရီနေကာ ဒေါက်တာလက်ကို ခုထိမလွတ်သေး။ လင်းညို့ဇေယျာ ထိုကောင်လေးရဲ့ အမူအရာ တွေကို အစ အဆုံးကြည့်နေ မိသည်။ ဘေးတစောင်းတောင် ထိုကောင်လေးရဲ့ ချောမော နေမှုကြီးကို အထင်းသား မြင်နေ ရသည်။ မျက်လုံး ထောင့်နားက မှည့်နက်လေးပါ ပေါင်းစပ် လိုက်တော့
အပြစ် ပြောရက် စရာ မရှိအောင် ထိုင်ကြည့် ချင်စရာ ကောင်းလှသည်။ ထို ကောင်လေးရဲ့ ဆံပင် အဖြူ
ရောင်လေးတွေက မီးရောင် အောက်မှာ မလို့ ထင်သည် အဝါရောင်ဘက် သန်းနေသည်။
လင်းညို့ဇေယျာ ထိုကောင်လေးကို ကြည့်နေ မိ သည်မှာ ဒေါက်တာမင်းမြတ် အနားရောက်လာ သည်ကိုပင် သတိမထားမိ။

"ဘယ်ကောင့်ကို အဲ့လောက်ထိ စိတ်ဝင်တစား ကြည့်နေတာလဲ... ကိုယ်တစ်ယောက်လုံး မင်းရှေ့မှာ ရပ်နေ တာတောင် မင်းမျက်လုံး ဘယ်ရောက် နေလဲ သိတယ်နော်" ဒေါက်တာက လေသံမာမာ ပြောလာတော့ လင်းညို့ဇေယျာ အိုးမလုံအုံပွင့်ကာ ချောင်းတွေပင် ထဆိုး တော့သည်။

ကျွန်တော်သာ ကျွန်တော်မဟုတ်ခဲ့လျှင်Where stories live. Discover now