Part(45)

119 5 0
                                    

(Unicode)

လင်းညို့ဇေယျာ အိမ်ရောက်တော့ သွေးများမြင်မကောင်းအောင်ထွက်နေသည့်လက်ကို ကြည့်ကာ နာကျင်စွာပြုံးလိုက်ပီး ဒေါက်တာ ခင်ဗျားကလေ သိပ်တော်တာပဲ ကျွန်တော်လိုလူကိုနာကျင်အောင်အမျိူးမျိူးလုပ်နိုင်တယ်
ဘယ်တတ်နိုင်ပါ့မလဲ ကျွန်တော်ကိုယ်တိုင်က နာကျင်မှုရဲ့အရသာကိုစွဲလန်းနေပီတူပါရဲ့ အဟက်....
ဆေးလိပ်တစ်လိပ်ထုတ်သောက်ကာ ကုတင်ပေါ်သို့ပစ်လှဲလိုက်ပီး သွေးများထွက်နေသည့်လက်ကို
ဒီတိုင်းပစ်ထားကာ နာကျင်မှုကိုကြိတ်မှိတ်ခံစားရင်း မျက်လုံးများကိုဖြေးညှင်းစွာပိတ်၍ ဆေးလိပ်ငွေ့များကိုတဝကြီးရှူူရှိုက်ကာ မှုတ်ထုတ်လိုက်ပီး မူးယစ်ဆေးက လူကိုစွဲလန်းစေတယ်တဲ့ ကျွန်တော်ကတော့မူးယစ်ဆေးနဲ့တူတဲ့ခင်ဗျားကို စွဲလန်းမိနေပီ ဒေါက်တာရယ်... မျက်လုံးအိမ်တွင်းမှ မျက်ရည်များ စီးကျလာကာ နာကျင်မှုနဲ့အတူမှေးစက်လိုက်တော့သည်။

ကုတင်ဘေးရှိ နှိူးစက်သံကမြည်လာကာ လင်းညို့ဇေယျာ မျက်လုံးများမှေးကျင်းစွာဖြင့် နာရီကိုကြည့်တော့ 10နာရီပင်ထိုးနေပီ။ လက်ကဒဏ်ရာကသွေးများ ပင်ခြောက်ကာ တဆစ်ဆစ်ကိုက်လာသည်၊ လှုပ်လို့တောင်မရ။ ညတုန်းကနာကျင်မှုကိုပင်မသိ။ မနက်ရောက်မှ နာကျင်မှုရဲ့အရသာကို ခံစားလာရကာ ရေမိုးချိူးပီး ဆေးခန်းသာ သွားလိုက်တော့သည်။ ဒေါက်တာမင်းမြတ်ဆီလဲ မသွားချင်၍ နီးနီးနားနားဆေးခန်းပဲသွားလိုက်တော့သည်။ ဆရာဝန်က အနာကို သန့်ရှင်းအောင် အရင်လုပ်ကာ မေးခိုင်ပိုးမဝင်စေရန် ဆေးတစ်လုံးထိုးပေးလိုက်ပီး သောက်ဆေးပေးကာ လက်မှဒဏ်ရာကို ပက်တီးစည်းပေးလိုက်သည်။

လင်းညို့ဇေယျာအိမ်ပြန်ရောက်တော့အနာရှိန်ကြောင့်ဖျားချင်လာကာ ခေါက်ဆွဲပြုတ်ပဲပြုတ်လိုက်ပီး ဆေးသောက်ကာ အိပ်လိုက်တော့သည်။ ပြန်နိုးလာတော့ နေပင်စောင်းနေပီ။ ဖုန်းကိုကြည့်လိုက်တော့ ဒေါက်တာမင်းမြတ်ရဲ့missed callတွေ့၍ ပြန်ခေါ်လိုက်ကာ "ငါ့ဖုန်းကိုမကိုင်နိုင်လောက်တဲ့ထိ ဘယ်ကောင်နဲ့ပလူးနေလို့လဲ"

လင်းညို့ဇေယျာ အပူရှိန်ကြောင့် လည်ချောင်းများခြောက်ကပ်ကာ အသံပင်မထွက် "ကျွန်တော်အိမ်မှာပဲဘယ်မှမသွားဘူး" တိုးညှင်းစွာပြောလာတော့ ဒေါက်တာက
"မင်းစောက်သံ ဘာဖြစ်နေတာလဲ အရမ်းfeelတက်နေလို့ အသံတောင်မထွက်တော့တာလား"

ကျွန်တော်သာ ကျွန်တော်မဟုတ်ခဲ့လျှင်Where stories live. Discover now