Part(12)

150 8 2
                                    

(Unicode)
ဆေးရုံမှအပြန်...
လင်းညို့ကိုယ့်ကိုကိုယ်ပင်ဒေါသထွက်မိသည်။
ကိုယ့်ကိုမချစ်တဲ့မိန်းမတစ်ယောက်ကိုမှခုချိန်ထိ​မမေ့နိုင် ။လင်းညို့ဆိုတာနှင့်ပင်ခယချင်မိသည်အထိ။

လက်ထဲကဖုန်းမြည်လာမှအသိစိတ်ပြန်ဝင်လာသည်။
ခေါ်ဆိုသူနာမည်ကိုကြည့်လိုက်တော့ ဒေါက်တာမင်းမြတ်သိဂ်ါဖြစ်နေသည်။

လင်းညို့စိတ်ထဲတွင်တော့ဒီဘဲကြီးဘာတွေနှောက်ဦးမလဲမသိဘူးကွာဆိုပီး စိတ်အလိုမကျ

ဖုန်းကိုကောက်ကိုင်လိုက်ပီး

" အင်း ဘာကိစ္စရှိလို့လဲ" လေသံမာသွားသည်ကိုပင်သတိမထားမိ

တဖက်က နဲနဲကြာမှစကားဆိုလာသည် ....

" ညီ ဆေးရုံလာတယ်ဆို လင်းလက်ပြောပီးပီးချင်းအကို မင်းကိုဖုန်းဆက်လိုက်တာ"

"အဝေးကြီးမရောက်သေးရင်ပြန်လှည့်လာခဲ့လေ မျက်မြင်သက်သေကိစ္စမေးချင်လို့ဆို" တဖက်လူရဲ့အသံကကြည်လင်းပြတ်သားပီး သူ့နှုတ်ကထွက်တဲ့စကားလုံးတိုင်းကအမိန့်ပေးနေသယောင်...

"လင်းညို့ဘာပြန်ပြောရမှန်းမသိ ဆေးရုံလဲပြန်မသွားချင်"

ခဏကြာမှ ...

"ကျွန်တော်အိမ်နားရောက်တော့မယ် ပြန်လာဖို့လဲအဲ့လောက်ထိအားမနေဘူး" ခပ်ဆက်ဆက်ပြောလိုက်သည်

"ဟားးး ဟုတ်ပါပီ ဟုတ်ပါပီ မအားဘူးဆိုတော့လဲ မျက်မြင်သက်သေကိစ္စမပြောယုံပေါ့" မင်းမြတ်သိဂ်ါဘက်ကပင် ဖုန်းအရင် ချလိုက်သည်

ဟ ! ငါပြောတာရီစရာပါလို့လား သူ့ကိုပြန်ခနဲ့သွားတဲ့အပြင်ဖုန်းပါချပစ်သည် ....

လင်းညို့ဇေယျာ တော်တော်ဒေါသထွက်နေမိသည်။ ဆေးရုံကမြင်ကွင်းတွေကပိတ်ကားထက်ဝယ်ဇာတ်လမ်းတစ်ပုဒ်ပြနေသလို အထပ်ထပ် အခါခါ ပြန်မြင်ယောင်နေမိသည်။

ကားစီယာတိုင်ကိုတဘုန်းဘုန်းရိုက်ရင်း အကြံတခုခေါင်းထဲဝင်လာသည်။ လင်းညို့ရဲ့အပြုံးတွေကိုတော့မည်သူမှအဓိပ္ပါယ်ဖော်နိုင်မည်မဟုတ်။ သူကိုယ်တ်ိုင်ပဲသိပါလိမ့်မည်။

ကျွန်တော်သာ ကျွန်တော်မဟုတ်ခဲ့လျှင်Wo Geschichten leben. Entdecke jetzt