Part-18

27.4K 1.2K 84
                                    

ယနေ့ ကြီးမေကိုကားဂိတ်မှာသွားကြိုနေရတော့ အနွံ့ဆီသွားဖို့ကမဖြစ်နိုင်တော့ပေ။ခါတိုင်းဆို အိမ်ကကားနဲ့ဘဲရန်ကုန်ပြန်ဆင်းနေ​ကျကြီးမေက ဒီတစ်ခါတော့ လိုင်းကားစီးပြီးပြန်လာလို့ ရစ်မှာအံ့သြခဲ့ရသေးတယ်။ကြီးမေက စိတ်ရှုပ်မခံတတ်တဲ့လူမျိုးမဟုတ်လား။အခန်းထဲမှာပစ္စည်းတွေနေရာချပေးပြီး အိမ်အပြင်ကိုအထွက်...

"သားသား အခုကျောင်းသွားဖို့မဟုတ်ဘူးလား။ဆိုင်ကယ်ဖြစ်ဖြစ် စက်ဘီးဖြစ်ဖြစ်ဘာလို့ယူမသွားတာလဲ"

"သူငယ်ချင်း စက်ဘီးနဲ့အတူသွားတာမို့ ကြီးမေ။သူ့အိမ်ကို လမ်းလျှောက်သွားမှာ"

"အို...ကိုယ့်မှာရှိရက်နဲ့ ဘာကိစ္စသူများဟာကိုကပ်စီးနေရတာတုန်း။နောက်ပြီး သူငယ်ချင်းဆိုတာတွေ့ရာလူပေါင်းလို့မရဘူး။မင်းမှာ သူငယ်ချင်းဆိုလို့ ညီမင်းညိုဆိုတဲ့ကောင်လေးဘဲရှိတာမဟုတ်လား။အပေါင်းအသင်းကဘယ်လောက်အရေးပါလဲဆိုတာ အဝေးကြီးပြေးကြည့်မနေနဲ့ မင်းအဖေကိုသာကြည့် ။အိမ်ရဲ့အလုပ်သမားကိုမြှောက်စားပေးလွန်းတော့ အခုကိုယ့်ခေါင်းပေါ်အခန့်သားဝင်ထိုင်နေပြီလေ"

"ကြီးမေ...ဆူချင်ရင်ကျွန်တော့်ကိုဘဲဆူပါ။ဦးငယ်နဲ့ဘာဆိုင်လို့လဲ"

"မင်းလည်း သူနဲ့ဝေးဝေးနေပါဆို ဦးငယ် ဦးငယ်နဲ့။သားအဖနှစ်ယောက်လုံးတစ်ချိုးတည်း "

ကြီးမေရဲ့ ခနဲ့တဲ့တဲ့အသံတွေကြောင့် ဦးငယ်ကခေါင်းငုံ့ပြီးအခန်းထဲဝင်သွားတယ်။ရစ်ကိုယ်တိုင်ကတောင် အားနာလွန်းလို့မျက်နှာပူနေပေမယ့် ကြီးမေကတော့ဦးငယ်ကိုတွေ့တိုင်းခနဲ့တဲ့တဲ့စောင်းမြောင်းပြောတော့တာ။ကြာလာတော့လည်း သည်းခံလွန်းတဲ့ဦးငယ်ကိုတောင်သနားလာတယ်။

"အဲ့မှာဘဲ ရပ်နေ။ကျောင်းကို ငါလိုက်ပို့မယ် "

"ကြီးမေ!ကျွန်တော်ကလေးမဟုတ်တော့ဘူးလို့။အဲဒီလို ကျောင်းကြိုကျောင်းပို့လုပ်နေတာတွေက တကယ်စိတ်ကျဥ်းကြပ်ရတယ်"

နှောင်ကြိုး မသိလိုက်ဘာသာအခန်းထဲဝင်လာပေမယ့်လည်း ရစ်လေးနဲ့သူ့ကြီးမေရဲ့အသံကိုကြားနေတော့ မနေသာတော့ဘဲ...

နွံ(Completed )Where stories live. Discover now