Part--82

313 10 2
                                    

❣️အချစ်ကွန်ချာ❣️{Part--82}
*******❣️*******

Moonshine group...

ကုမ္ပဏီရောက်လာပေမယ့် ရိုင်းစိတ်တွေ လေးလံထိုင်းမှိုင်းနေခဲ့သည်။
ဘာကဘယ်လို အစရှာရမယ်မှန်းမသိအောင်ထိ အိမ်မှာကျန်ခဲ့သည့် သားလေးဆီကိုသာ စိတ်ကရောက်နေတာဖြစ်သည်။

" ဥက္ကဌ...!
  meeting ချိန် 5 မိနစ်ပဲလိုတော့တယ် "

Meeting room ထဲဝင်ဖို့ နန္ဒလာသတိပေးမှ ငူငူငိုင်ငိုင် ထိုင်နေသည့် ရိုင်းမှာ သတိဝင်တော့သည်။

အစည်းအဝေးလုပ်နေချိန် တောက်လျှောက်လည်း ရိုင်း စိတ်နှင့်လူက လမိုင်းမကပ်ပါ။
မနည်းအာရုံစူးစိုက်နေရပြီး စိတ်တွေက ရှုပ်ထွေး နောက်ကျိနေခဲ့၏။

သက်ပြင်းကြိတ်ချရလွန်းလို့လည်း လူက အသက်တိုတော့မလားမသိ။

အစည်းအဝေးပြီးတာနဲ့ ရုံးခန်းထဲ ပြန်ဝင်လာကာ ထိုင်ငိုင်နေသည့် ရိုင်းအတွက် နန္ဒကပဲ မနေနိုင်စွာ ကော်ဖီယူလာပေးရသည်အထိ။

" ဥက္ကဌ...ကော်ဖီပါ "

အလိုက်တသိ နန္ဒ ကမ်းပေး‌လာသည့် ကော်ဖီခွက်ကို တစ်ချက်ကြည့်ကာ

" အင်း...ထားခဲ့လိုက် ၊ ဒီနေ့အတွက် အရေး
  ကြီး စစ်ရမယ့်ဟာတွေရှိရင် ပေး "

" ဟုတ်ကဲ့...ဥက္ကဌ ၊
  ဒီမှာပါ...လက်မှတ်ထိုးရမယ့် ဖိုင်တွေပါ ၊
  ဒီနေ့ ချိန်းထားတဲ့ အလုပ်ကိစ္စတွေက..."

" ငါ အဲ့လောက် အချိန်မပေးနိုင်တော့ဘူး
  မင်းဘာသာပဲ ကြည့်လုပ်လိုက်တော့ နန္ဒ "

" ဟုတ်ကဲ့ပါ "

အစည်းအဝေးချိန်က ကြာသွားခဲ့၍ မနက် ဆယ်နာရီထိုးလုနေပြီ။
မျက်စိရှေ့မှ ဖိုင်တွေကတော့ ရိုင်း လျစ်လျူရှုလို့မရပြန်သေး။

ဟူးးးးးးးး

သက်ပြင်းမောကြီးကို ခပ်ကြမ်းကြမ်းမှုတ်ထုတ်ရင်း ဖိုင်တွေကို ကောက်ကိုင်လိုက်ရ၏။

" ဒေါက် ‌ဒေါက် "

" ဝင်ခဲ့ "

အလုပ်ထဲအာရုံရောက်နေတုန်း တံခါးခေါက်သံကြောင့် ခပ်ဆတ်ဆတ် ခွင့်ပေးလိုက်တော့
အခန်းထဲဝင်လာသည့် နန္ဒက ရိုင်း လက်ထဲ ဖိုင်တစ်ခု ထည့်ပေးလာရင်း...

အချစ်ကွန်ချာWhere stories live. Discover now