အခန်း (၇၁)

6.2K 106 1
                                        

နှစ်နှစ်ခြိုက်ခြိုက်အိပ်မောကျနေတဲ့အချိန်မှာမှ အနှိုးခံလိုက်ရတဲ့ ပံပံတစ်ယောက် လူကမူးနောက်နောက်ဖြစ်သွားခဲ့ပြီး ဒေါသကပ်ပါလာလျက်။

အိမ်စေအဒေါ်ကြီးရှိရဲ့သားနဲ့ သူမကိုမှခိုင်းလာတဲ့အတွက်ကြောင့် လက်ထဲကသဘတ်နဲ့အဝတ်စားကိုကြည့်ရင်း အချဉ်ပေါက်ကာ ခြေဆောင့်လက်ဆောင့်ဖြင့် အောက်ထက်သို့ဆင်းလာလိုက်သည်။

ဧည့်ခန်းထဲရောက်သွားတော့ တွေ့လိုက်ပါပြီ ကျောပေးထိုင်နေတဲ့ အဲ့ဒီ့လူကို။

စိတ်ထဲရယ်စရာတော့ဖြစ်နေ၏။ကိုယ်မလိုချင်လို့စွန့်ကြဲလိုက်တဲ့သူနဲ့ အမဖြစ်သူအိမ်ထောင်ရေးက ယခုထိတည်မြဲနေဆဲ။

သူဘယ်လိုပုံစံလဲ ဘယ်လိုအနေအထားလဲဆိုတာပါ စိတ်မဝင်စားခဲ့သလို မင်္ဂလာဆောင်မဲ့နေ့မှာလည်း စပရိုက်ကြီးကြီးပေးခဲ့ရုံကလွဲ ကြာကြာမနေခဲ့။

အသက်ကြီးကြီးလူတစ်ယောက်ကို သူမအနေနဲ့       စိတ်ဝင်စားစရာဘာလိုလဲ။

လိုအပ်တာထက်မျက်နှာကိုတင်းမာထားကာ မျက်နှာချင်းဆိုင်ရပ်ပြီးမှ သဘတ်ကိုလှမ်းပေးပြင်သည်။

" ဒီမှာ မေမေက...."

ဆက်ပြောဖို့လုပ်ထားတဲ့နှုတ်ဖျားဝမှာ စကားလုံးတွေရပ်တန့်သွား၏။ထိုင်နေရာကနေ ပင့်ကြည့်လာတဲ့ မျက်ဝန်းစူးစူးတွေကြား အသက်ရှူမှားသွားခဲ့သည်။

ထူထဲနေတဲ့မျက်ခုံးတွေက နက်မှောင်နေပြီး နှာတံကယောင်္ကျားဆန်စွာထင်ရှားဖြောင့်စင်းနေ၏။

မထူမပါး ထောင့်ချိုးညီနေတဲ့နှုတ်ခမ်းတွေက နီညိုရောင်သမ်းလျက် ရေစိုနေတဲ့ ဆံနွယ်တွေသည် နဖူးပေါ်တစ်ချောင်းကျနေတာကဆွဲဆောင်မှုအပြည့်။

လှမ်းပေးနေတဲ့လက်က လေထဲမှာပဲဖြစ်ပြီး သူ့ဆီရောက်မသွားခဲ့။

တစ်ခါမှမလှုပ်ရှားဖူးတဲ့ သူမနှလုံးသားဟာ နိုးထလာခဲ့လျက် တဒုတ်ဒုတ်ခုန် ဗြောင်းဆန်နေသည်မှာ အင်္ကျီတွင်းကနေ တွန်းကန်လျက် သူရိပ်မိသွားမှာတောင်စိုးရ၏။

" ဒါ ကိုယ့်အတွက်လား "

အို ဘုရားရေ။
အသံကအစ ဩရှပြီး အာဏာသံပါကာ ယောင်္ကျားပီသလျက်။

သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ Complete [OC]Where stories live. Discover now