" အဒေါ် ဂင်္ဂါကိုတွေ့မိသေးလား "
သူခဏလေးအပြင်ထွက်သွားလိုက်တာ ပြန်ရောက် တော့ သူမကိုမတွေ့။နောက်ဆုံး နာမကျန်းဖြစ်နေတဲ့ ဖခင်ရဲ့အခန်းထဲမှာပါမရှိတာကြောင့် ထူပူသွားခဲ့ကာ နီးစပ်ရာ အဒေါ်ကြီးကိုမေးလိုက်ပါသည်။
"ဩော မမလေးက အစောကလေးတင်ပဲ အနောက်ဘက်ကိုသွားပါတယ် "
ဒေါ်ကြီးတင်က အနောက်ဘက်ကိုလက်ညှိုးထိုးရင်းပြောသည်။
" ဟုတ်လား ကျေးဇူးပါဗျာ "
အနည်းဆုံး ရှိတယ်ဆိုတာသိရတော့ စိတ်အေးသွားခဲ့ပြီး အနောက်ဘက်ကိုခြေလှမ်းကြဲကြဲတွေနဲ့ဆက် သွားလိုက်ပါ၏။
"အမှန်ပဲ ကလေးကဒီရောက်နေတာကိုး "
" ဦးလား"
ထိုင်ခုံပေါ် ကျောပေးလှည့်ထိုင်နေတဲ့ ဂင်္ဂါက သူ့အသံကြားလိုက်တော့မှ လှည့်ကြည့်လာသည်။
ပြီးမှ နေရာဖယ်ပေးလာတော့ ဘေးနားတွင်ကပ်ထိုင်လိုက်တာနဲ့ လူနှစ်ယောက်စာ မလုံလောက်တဲ့ထိုင်ခုံကျဉ်းကျဉ်းလေးက သူမကိုအစွန်းဘက်ရောက်သွားစေ၏။
" အို အို !"
မပြောမဆို ခြေထောက်လေးကမပွေ့ပြီး သူ့ပေါင်ပေါ်တင်လိုက်တာကြောင့် ကြောက်အားလန့်အားနဲ့ သူ့လည်ပင်းကိုကုပ်ဖက်ထား၏။
ပြွတ်စ့်
"အာ ဦး "
"အဲ့ဒါ ကိုယ့်ကိုစိတ်ပူအောင်လုပ်လို့"
"ဟွန်း ဘယ်မှာစိတ်ပူအောင်လုပ်လို့လဲ
အိမ်ထဲမှာနေရတာမွန်းကြပ်လာလို့
အပြင်ခဏထွက်ထိုင်နေတာပါနော်"
" ဦးသာ တမနက်လုံး ဂင်္ဂါကို
ထားပြီးလျှောက်သွားနေတာ
မေ့လို့ ဗိုက်ထဲက ကလေးလဲပါတယ် ဟွန့် "
"အဟင်း "
ပြွတ်စ့်
" ဟာ ဦးကွာ "
သူ့ပေါ်နေပြီး တစ်ခွန်းမကျန်ပြန်ပြောနေတဲ့ နှုတ်ခမ်းဆူဆူလေးကိုစိုက်ကြည့်ရင်း အသည်းပေါက်လာတာကြောင့် ဘာမပြော ညာမပြောနဲ့ဖိနမ်းလိုက်တော့ ခေါင်းလေးဆုတ်ကာ လက်နဲ့ကာထားသည်။
YOU ARE READING
သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ Complete [OC]
Romanceပြိုင်ပွဲဆိုရင်တောင် ငါကနံပါတ်တစ်ပဲဖြစ်နေစေရမယ် ပြိုင်ဘက်ဆိုတဲ့အရာမျိုး မလိုချင်တာအမှန်ပဲ ။ ခွန်းနောင်တေဇ မလောနဲ့လေ ဒီပြိုင်ပွဲရဲ့နေရာတော်တော်များများမှာ မင်းရောငါရော နံပါတစ်ယူထားကြတာမဟုတ်လား သူ့ရင်ထဲမှာမင်းလဲရှိသလို ငါလဲရှိတယ်ဆိုတာ မမေ့ပါနဲ့။ ခွန်း...
![သူ ...သူမနှင့်...မျက်ဝန်းတစ်စုံ Complete [OC]](https://img.wattpad.com/cover/361434662-64-k316327.jpg)