Prologue

4.4K 468 22
                                    

Prologue

အတန်​ငယ်​ကျယ်​​သော တစ်​​ယောက်​စာ အသက်​အိပ်​ခန်​လေးထဲရှူသံ​တို့က ပြည့်​နှက်​လျက်​၊ ခပ်​တိုးတိုး ​ရေရွတ်​သံကလည်း ပိုစတာ၊ ဓာတ်​ပုံ၊ sticker ​တွေနဲ့ပြည့်​​နေတဲ့ နံရံ​တွေကို ပဲ့တင်​ရိုက်​ခတ်​​နေသည်​။ အခန်းထဲရှိ တစ်​ခုတည်း​သော အိပ်​ရာ​နားက ​ရေရွတ်​သံ​တွေကလည်း ထပ်​တလဲလဲနဲ့ မပြီးမဆုံးနိုင်​​တော့။

"Andwe... Andwe. မဖြစ်​ဘူး။ မဖြစ်​ဘူး။ မနမ်းနဲ့... မလုပ်​ပါနဲ့။ မလုပ်​နဲ့​နော်​။"

ခပ်​​ဩဩအသံ​လေးက အဆက်​မပြတ်​ ထွက်​​ပေါ်​နေသည်​။ ​အသံထွက်​​ပေါ်လာရာ​နေရာက အိပ်​ရာ​လေး​ပေါ်က ဖြစ်​သည်​။

"မဖြစ်​သင့်​ဘူး။ မလုပ်​... မလုပ်​သင့်​.. အား!!!"

ကောင်​​လေးတစ်​​ယောက်​ရဲ့ ​အော်​သံအကျယ်​ကြီးက အခန်းထဲ ပြည့်​လျှံသွားသည်​။

အော်​သံကြားတာနဲ့ အပြင်​ဘက်​က ​လှေကားထစ်​​ပေါ် အမြန်​​ပြေးတက်​လာတဲ့ အသံ​တွေကို ကြားရသည်​။ ​နောက်​​တော့ အိပ်​ခန်းတံခါးပွင့်​သွားတဲ့ အသံနှင့်​အတူ ​ကောင်​မ​လေးတစ်​​ယောက်​က အခန်းထဲ ​ခေါင်းပြူလာ​လေသည်​။

"Chan Yeol... Wae? ဘာဖြစ်​တာလဲဟယ်​... အလန့်​တကြားနဲ့။"

အသံချိုချိုကိုကြား​တော့ အိပ်​ရာ​​ပေါ်မှာ တင်​ပလ္လင်​​ခွေထိုင်​ရင်း Laptop ကို ​ပေါင်​​ပေါ်တင်​ထားတဲ့ ​ကောင်​​လေးက အခန်းတံခါးဆီ လှမ်းကြည့်​သည်​။ ​ခွေ​ခွေလိမ်​လိမ်​ ဆံပင်​တို့​​က ရှုပ်​ဖွထားသလို ပွရွလျက်​၊ သူ့ရဲ့ နားကြပ်​အပြာ​ရောင်​​လေးက လည်​ပင်းမှာ တွဲလွဲခိုကာ ​​ကောင်​​လေးရဲ့ ​မေး​စေ့တစ်​​လျှောက်​ကျလာတဲ့ မျက်​ရည်​စက်​​တွေကို ​မော့​ကြည့်​​နေ​လေသည်​။ ​ကောင်​​လေးက သူ့အစ်​မကိုကြည့်​ပြီးတဲ့​နောက်​ မျက်​မှန်​​​ကိုချွတ်​ကာ ​ဘေးနားမှာချထားတဲ့ တစ်​ရှုးဘူးကို ​ကောက်​ကိုင်​ရင်း ပြန်​ငို​တော့သည်​။

"အား...! မဖြစ်​သင့်​ဘူး။ ဒါလက်​မခံသင့်​တဲ့အရာပဲ... Waaaa..."

ရှေ့ခုနှစ်​အိမ်​ ​နောက်​ခုနှစ်​အိမ်​ကို သူငိုတာသိ​အောင်​ ​ကြေညာ​နေသလား မှတ်​ရ​​သော ​မောင်​​တော်​ဘုရားကို ကြည့်​ကာ Park Yura တစ်​​ယောက်​ ဦး​နှောက်​စားသွားရသည်​။ နံရံ​ပေါ်က မျက်​နှာ​တွေ၊ ကိုယ်​လုံး​ပေါ်ပိုစတာ​တွေကို ကြည့်​ကာ ရွံ့တွန့်​တွန့်​နဲ့ပဲ အခန်းထဲ​ခြေချလိုက်​ရသည်​။ ဘယ့်​နှယ်​ နံရံ​ပေါ်က​နေ စိုက်​ကြည့်​​နေတဲ့ မျက်​​လုံး​ပေါင်းစုံကြား ​ကျောမလုံလိုက်​တာ...

Just A Fanboy [KaiYeol/ChanKai] MYANMARWhere stories live. Discover now