2. Again!?

2.6K 392 12
                                    

2. Again!?

Chan Yeol ဂစ်​တာ chord တစ်​ခုကို ဖိကာ ကိုင်​ထား​မိပေမဲ့ ဂစ်​တာကို မတီးဖြစ်​။ စိတ်ကလည်း ဂစ်​တာဆီမ​ရောက်​။ ဒါဆိုရင်​ မျက်​လုံး​ရောက်​​နေတဲ့ ကုတင်​​ဘေးက Kai ရဲ့ ပိုစတာဆီမှာ စိတ်​ပါ​ရောက်​​နေတာလား ဆို​တော့လည်း သိပ်​မမှန်​​သေး။ တကယ်​က Chanyeol ရဲ့ဦး​နှောက်​က လွန်​ခဲ့တဲ့သုံးရက်​က ကိစ္စ​ဆီ အ​တွေးပြန်​​ကျော့​နေတာ​လေ။

လက်​​ချောင်းထိပ်​​တွေ ထုံလာသည့်​တိုင်​ ကြိုးကိုဖိကိုင်​ထားမိဆဲ... ကိုယ်​​လေးစားအားကျရတဲ့ Idol ကို မျက်​ဝါးထင်​ထင်​မြင်ရ၊ စကား​ပြောရတာ​တောင်​ မမှတ်​မိလိုက်​တဲ့ ကိုယ့်​ကိုယ်​ကိုလည်း ကျိန်​ဆဲလို့မဆုံး။

Baek Hyun နဲ့ Jong Dae ဆို ငိုမဲ့မဲ့ ChanYeol ရုပ်​ကိုကြည့်​ကာ သူတို့ပါ​ မျောက်​မှိုင်​မှိုင်​ကုန်​ကြ​သေးသည်​။

"ဟူး...."

သက်​ပြင်း​မောတစ်​ခုနဲ့အတူ ဂစ်​တာကို ​ဘေးချလိုက်ရင်း Chanyeol ​ခေါင်းက ဆံပင်​လိမ်​​တွေကို လက်​​ချောင်းနဲ့ ဆွဲဖွ​နေလိုက်​သည်​။ သူတို့ထပ်​​တွေ့ဖို့က မဖြစ်​နိုင်​​တော့။ စတိတ်​စင်​​ပေါ်က Kai ကို စင်​​အောက်​က ​ငေးကြည့်​​အော်​ဟစ်​ကြမဲ့ လူစုထဲပဲ ပါဝင်​နိုင်​ခွင့်​ပဲ ရှိ​တော့သည်​။

တွေး​လေ... ​တွေး​လေ... ChanYeol ကိုယ့်​ကိုယ်​ကို မ​ကျေမနပ်​ဖြစ်​မိ​လေပဲ။

"အား!"

ဘေးက ​ခေါင်းအုံးကိုဆွဲကာ ​လေထဲ​ဝှေ့ယမ်း​ အော်​ဟစ်​မိပြန်​သည်​။ ပြီးမှ အိမ်​ကို တစ်​ပတ်​တာ ပြန်​​ရောက်​​နေသည့်​ Noona လက်​ဆစ်​ဒဏ် ခံရမှာ​ကြောက်​​ကြောက်​နဲ့ ပြန်​ငြိမ်​သွားမိ၏။

Chanyeol ဘယ်​လိုဖြစ်​လို့လဲမသိ။ အဲ့ဒီ့​နေ့ကတည်းက Laptop ဆီမှာ အာရုံမထားနိုင်​​တော့ဘဲ မရိုးမရွချည်း ဖြစ်​​နေတာ။ ထမင်းစားရင်း​တောင်​ ပါးစပ်​ထဲက ထမင်းလုတ်​ ပြုတ်​ကျ​သေးလို့ အဆူခံလိုက်​ရ​သေးသည်​။

"Chan Yeol!"

Noona အသံကြား​တော့ Chan Yeol ထခုန်​မိမတတ်​ ဖြစ်​သွားသည်​။ ခုနက​ ​အော်​တာကြားသွားတာများလား။

Just A Fanboy [KaiYeol/ChanKai] MYANMARWhere stories live. Discover now