Always

3K 371 62
                                    

4. Always

တစ်​နှစ်​။ တစ်​နှစ်​ဆို​သော အချိန်​ကြာသွား​ပေမဲ့ ဟန်​မြစ်​ကမ်း​ဘေးရဲ့ အပူချိန်​က လွန်​ခဲ့​သော တစ်​နှစ်​နှင့်​ အရမ်းမကွာခြားသွား။ ​အေးစိမ့်​လျက်​ရှိ​သော ​လေထုက အ​နွေးထည်​၊ မာဖလာတို့ကို တိုးဖြတ်​ကာ ဝင်​လာချင်​ကြဆဲဖြစ်​သည်​။ Chan Yeol လည်​ပင်းက မာဖလာကို တင်းတင်းဆွဲပြင်​ပြီးမှ လမ်းဆက်​​လျှောက်​ရသည်​။

Kai ရဲ့ dating news ထွက်​ပြီးတဲ့​နောက်​ Chan Yeol fanboy အဖြစ်​က နှုတ်​ထွက်​ရန်​ ကြိုးပမ်းခဲ့သည်​။ အဲ့ဒီ့ညတုန်းက ဟန်​မြစ်​ကမ်း​ဘေး ထပ်​​ရောက်​​တော့ ကံ​ကောင်းသည်​ပဲလား၊ ကံဆိုးသည်​ပဲလား Kai နဲ့ ထပ်​​တွေ့သည်​​လေ။ ဒီတစ်​​ခေါက်​​တော့ သူတို့စကား​တွေ အများကြီး ​ပြောဖြစ်​ခဲ့ကြသည်​။ အရင်​တစ်​​ခေါက်​နဲ့​တောင်​ မတူပါ။

ခုံတန်းလျား၏ ​ကျောမှီ​ပေါ်ထိုင်​ရင်း ကြယ်​​တွေကို ​ငေးရင်း Kai က ​မေးခဲ့သည်​။

"Hyung... Jae Hee နဲ့ ကျွန်​​တော်​နဲ့ တွဲတာကို ဘယ်​လိုမြင်​လဲ..."

"အဲ့ဒါက... ငါမ​ပြောတတ်​ဘူး​လေ။ ငါက မင်းရဲ့ fanboy တစ်​​ယောက်​သက်​သက်​ပဲဟာ။ ဘာလို့ မင်းက ငါ့အမြင်​ကို သိချင်​ရတာလဲ။"

"Hyung ​ပြောပြနိုင်​မယ်​ ထင်​လို့​ပေါ့။ ကျွန်​​တော်​က Hyung ကို ခင်​တယ်​​လေ။"

"ခင်​တယ်​? ဟားဟား... ​ကျေးဇူးပါ။ Idol တစ်​​ယောက်​က ကိုယ့်​ကို မှတ်​မိဖို့ဆိုတာက လွယ်​တဲ့ကိစ္စ​တော့ မဟုတ်​ဘူး​လေ။ မင်းက ငါ့ကိုခင်​​တောင်​ခင်​တယ်​ဆို​တော့..."

သူတို့ ခဏတိတ်​ဆိတ်​သွားပြန်​သည်​။ Kai က ငြိမ်​ငြိမ်​မထိုင်​ဘဲ ဟိုကြည့်​ဒီကြည့်​နှင့်​ လက်​အိတ်​မပါ​သော လက်​​တွေကို ပွတ်​သပ်​​နေသည်​။

"ကျွန်​​တော်​ Comeback အတွက်​ ကမ္ဘာလှည့်​ရဦးမယ်​၊ ကိုရီးယားကို ​ခြေပြန်​ချဖို့ ​တော်​​တော်​ကြာဦးမှာ။ အဟား... Jae Hee ကို လွမ်း​နေရ​တော့မှာပဲ။"

ဘာလဲ။ သူက Chan Yeol ရဲ့ ဒဏ်​ရာကို ဆားလာနယ်​​နေတာလား။ Chan Yeol ဘာမှပြန်​မ​ပြောဖြစ်​ဘဲ အ​ပေါ်ကို ​မော့ကြည့်​​နေမိသည်​။ လမ်းမီး​ရောင်​​တွေ၊ Seoul မြို့၏ မီး​ရောင်​​တွေက လင်းလက်လွန်းသည်​မို့ ​ကောင်းကင်​ကို ​ကောင်း​ကောင်းမမြင်​ရ။ တိမ်​မရှိတာမို့ ကြယ်​​တွေစုံမည့်​ညဆိုတာ ​သေချာ​ပေမဲ့ အလင်း​ရောင်​​တွေ​ကြောင့်​ ကြယ်​တစ်​ပွင့်​နှစ်​ပွင့်​ကိုသာ တစ်​​ပြောက်​နှစ်​ပြောက်​ ကွက်​ကြားကွက်​ကြား မြင်​​နေရသည်​။

Just A Fanboy [KaiYeol/ChanKai] MYANMARWhere stories live. Discover now