3. Fate!?

2.7K 367 25
                                    

3. Fate!?

ဒီတစ်​ခါ​တော့ ကံကြမ္မာပဲ ဖြစ်​မှာပါ။

Chan Yeol သူ့​ရှေ့က ဆံပင်​ညိုပွပွနဲ့ ​ကောင်​​လေးကို ကြည့်​ရင်း အ​တွေး​တွေ အိုင်​​နေမိသည်​။

"ဒါနဲ့... Hyung နာမည်​ကို ကျွန်​​တော်​ မသိ​သေးဘူး။"

"အာ... Chan Yeol. Park Chan Yeol ပါ။"

Kai က ပြုံးသည်​။

"Annyeonghaseyo Chanyeol Hyung. ကျွန်​​တော်​က Kim Jong In ပါ။"

အနုပညာနာမည်​နဲ့ မဟုတ်​ဘဲ သူ့ရဲ့နာမည်​ရင်းနဲ့ မိတ်​ဆက်​လာတဲ့ Kai ဟာ Chan Yeol ကို Fan တစ်​​ယောက်​အဖြစ်​သက်​သက်​ ဆက်​ဆံမှာ မဟုတ်​ဘူးလို့ ChanYeol အလိုလို ယုံကြည်​​နေမိပါ၏။

~••••••~

အ​ယ်​... ဒါ Idol တစ်​​ယောက်​​ရော ဟုတ်​ရဲ့လား။

ခေါက်​ဆွဲပြုတ်​ဘူးကို ​ခေါင်းမ​ဖော်​တမ်း အပြတ်​အသတ်​​ ​လွေး​နေသည့်​ Kai ကိုကြည့်​ရင်း Chanyeol အံ့ဩ​နေမိသည်​။ သူ့ကြည့်​ရတာ​တော့ ​တော်​​တော်​​ပျော်​​နေတဲ့ပုံပါ။ Fan နဲ့ ​ခေါက်​ဆွဲအတူတူထိုင်​စားတဲ့ idol ဆိုတာ သူတစ်​​ယောက်​ပဲ ရှိမည်​ထင်​ပါသည်​။

"ဟားဟား... ​အေးလို့လားမသိဘူး၊ ​ခေါက်​ဆွဲက စားလို့​ကောင်းတယ်​​နော်​..."

"အမ်​... ဪ... အင်း။ ဟို... ဒါနဲ့ ​ခေါက်​ဆွဲပြုတ်​က စားလို့ရလို့လား။ ​တော်​ကြာ မစားရတဲ့အစာတို့ ဘာတို့နဲ့ ညိ​နေမလားလို့..."

"မညိပါဘူး။ ပြီး​တော့ ကျွန်​​တော်​ ဘာမှမစားရ​သေးဘူး၊ ​ဗိုက်​ဆာတယ်​။ ​ခေါက်​ဆွဲပြုတ်​က တကယ်​စားလို့​ကောင်းတယ်​။"

ကိုင်​ထားတဲ့ ​ခေါက်​ဆွဲဘူးက စားလို့​ကောင်းတယ်​ဆိုတာ​တော့ အမှန်​ပါ။ ဒါ​ပေမဲ့ စား​နေကျထက်​ အရမ်းအရသာရှိ​နေတာ Kai နားမှာ မို့လို့များလား။ ထူးထူးဆန်းဆန်းပဲ ​ရင်​တုန်​ပန်းတုန်​ ဖြစ်​​နေဆဲ​ပေမဲ့ မူးလဲ​တော့မတတ်​ကြီး ရင်​ခုန်​​နေတာမျိုး​တော့ မဟုတ်​​တော့။ ပိုပြီး​တော့ ရင်းနှီးလာသလို ခံစားရသည်​။

"ကျွန်​​တော်​ ဘာလို့လဲမသိဘူး၊ Hyung ကို အရမ်း ရင်းနှီးတယ်​လို့ ခံစားရတယ်​။ စ​တွေ့ကတည်းက အဲ့ဒီ့လိုပဲ။"

Just A Fanboy [KaiYeol/ChanKai] MYANMARWhere stories live. Discover now