1. Kai!?

2.8K 420 9
                                    

1. Kai!?

*ဒုန်းဒုန်းဒုန်း*

"Yoda! အိပ်​ပုတ်​ကြီးမ​နေနဲ့။ အပြင်​သွားပါမယ်​ဆိုမှ အိပ်​​နေတယ်​။ နေကဖြင့်​ ထန်းတစ်​ဖျား​က​နေ ပြန်​​တောင်​ကျနေပြီကို..."

တံခါးအပြင်​ဘက်​က Baek Hyun ရဲ့ ​အော်​သံကျယ်​​ကြောင့်​ Chan Yeol မျက်​လုံး​တွေကို ပွတ်​ရင်း မထချင်​ထချင်​ ထထိုင်​လိုက်​သည်​။ ​တော်​ကြာ ဟိုဂျပုက​လေးက တံခါးဖျက်​ပြီး ဝင်​လာမှဖြင့်​...

"ထမယ်​​ဟေ့။ ထမယ်​!"

Chan Yeol ​ဘေးကနာရီကို ကြည့်​လိုက်​​တော့ ​နေ့လယ်​ ၁၂ နာရီခွဲ။ ဘယ်​​လောက်​မှ မရှိ​သေးဘဲနဲ့ကို။ မ​နက်​က ​ခြောက်​နာရီမှ အိပ်​ဖြစ်​တဲ့ဟာကိုများ။ Chan Yeol တစ်​ချက်​သန်းရင်း ​ခေါင်းအုံးကို ​ကောက်​ဖက်​လိုက်​သည်​။ Kai မျက်​နှာနဲ့ ​ခေါင်းအုံးစွပ်​​ကြောင့်​လားမသိ၊ အိပ်​လို့​ကောင်းချက်​က​တော့ ​ပြောမ​နေပါနဲ့​တော့။

"မင်းမထွက်​လာရင်​ ​အောက်​ထပ်​က ဦး​လေးရဲ့ ​ကော်​ဖီဆိုင်​မှာ ရှိသမျှ Kai ပုံ​တွေကို ငါမီးရှို့ပစ်​...."

"ဟိုးထား၊ ဟိုးထား၊ လာပြီ။ လာပြီ။"

Jong Dae ရဲ့ စကား​ကြောင့်​ Chan Yeol ​​ခုံ​ပေါ်က မျက်​မှန်​ကို ​ကောက်​တပ်​ကာ ​ရေချိုးခန်းထဲဝင်​ရသည်​။ ​ရေချိုးခန်းရဲ့ မှန်​​ထောင့်​က Kai ရဲ့ ဓာတ်​ပုံတစ်​ပုံကို မပြုံးပြ​သေးခင်​ မျက်​နှာသစ်​ကာ သွားအရင်​တိုက်​ရသည်​။ Kai က သွား​တွေဖြူ​နေတဲ့သူမှ ကြိုက်​တယ်​ဆိုလား... ပြီး​တော့ ​ရေချိုးရ​သေးသည်​။ ​Kai က အသန့်​ကြိုက်​တတ်​တယ်​တဲ့။ ဒါ​တော့ သူနဲ့တူတယ်​ ဆိုရမလား။

"​ဟေ့​ကောင်​... Baek Hyun... မင်းမှာမီးခြစ်ပါတယ်​ မဟုတ်​လား။"

"လဒ​တွေ​ရေ။ လာပါပြီဆို!"

Chan Yeol ​ရေချိုးခန်းထဲက ထွက်​ပြီး​တော့ အင်္ကျီအမြန်ဝတ်​ရသည်​။ အပြင်​က မသာ​တွေက ဘယ်​ဓာတ်​ပုံကို အရင်​မီးရှို့ဖို့ကို ​ဆွေး​နွေး​နေကြတယ်​​လေ။ ​အောင်​မြင်​စွာ အင်္ကျီဝတ်​ပြီးတဲ့​နောက်​​တော့ Chan Yeol တံခါးကို ဆွဲဖွင့်​ပြီးပြီးချင်း ​အောက်​ထပ်​က အ​ဖေ​ကျွေးလိုက်​ပုံရတဲ့ မုန့်​တစ်​ခုစီနဲ့ အ​အေးတစ်​ခွက်​စီ ကိုင်​လျက်​သား နှစ်​​ကောင်​ကို ​တွေ့ရသည်​။

Just A Fanboy [KaiYeol/ChanKai] MYANMARWhere stories live. Discover now