First Sight (Episode 11)

1.4K 150 0
                                    

First Sight

Episode 11

ဒီတစ်​ပတ်​​ uni တက်​ရမှာကို yeol​ပျော်​​နေမိပါတယ်​...ဒီတစ်​ပတ်​ကစပြီး major​တွေ​ပေါင်းပြီးစာသင်​ရမှာမို့လို့ သူ baekနဲ့​တွေ့ရ​တော့မယ်​​လေ ...မနက်​ 5 နာရီကတည်းကအ​စောကြိးနိုး​နေလို့ လမ်း​လျှောက်​ထွက်​မယ်​ဆိုပြီး baekတို့အိမ်​​ရှေ့​ကို​တောင်​သွားလိုက်​​သေးတယ်​ baekအခန်းကဘယ်​မှာလဲမသိ​ပေမယ့်​ yeol​ငေးကြည့်​​နေမိတယ်​ ...ပြီး​တော့မှ အိမ်​ပြန်​သွားတယ်​ ..
အိမ်​ပြန်​​ရောက်​​တော့ omma​တောင်​ မီးဖိုခန်းထဲမှာ ချက်​ပြုတ်​ပြင်​ဆင်​​နေပြီ...yeol့ကို​တွေ့​တော့ လှမ်း​ပြောတယ်​ ..

Yeol's omma:သား လမ်း​လျှောက်​ထွက်​တာလား အ​စောကြီးပဲ ..

Yeol:Nae ..omma ဒီ​နေ့​စော​စောနိုး​နေလို့ ..

Yeol's omma:​အေး​အေး ​ရေသွားချိုး​ချေ​တော့ ..uniသွားဖို့ ...ommaလဲ breakfast ပြင်​ပြီး​တော့မှာ ..

Yeol:Nae ..omma...

Yeolလဲ ​ရေချိုးပြီး အဝတ်​အစားလဲ​နေတယ်​..​ကျောင်းသွားဖို့ရာကို ခါတိုင်းအဝတ်​အစားမ​ရွေးဘဲ ဒီအတိုင်း​တွေ့တာ ဝတ်​လိုက်​တာပဲကို ...ဒီ​နေ့​တော့ ​ရွေး​နေတာ ကြာလှပြီ...ကုတင်​​ပေါ်မှာလဲ အဝတ်​​တွေပုံလို့ ..တစ်​ထည်​ထုတ်​ကြည့်​လိုက်​ ကိုယ်​မှာကပ်​ကြည့်​လိုက်​ ..မကြိုက်​ရင်​ကုတင်​​ပေါ်ပစ်​တင်​ထားလိုက်​နဲ့ ...အလုပ်​​တွေရှုပ်​​နေတယ်​...yeol ဒီ​နေ့အတွက်​ စိတ်​လှုပ်​ရှား​နေတယ်​​လေ baekနဲ့တစ်​ခန်းထဲတူတူသင်​ရမှာမို့လို့ ...သူ့ကိုယ်​သူလဲ baek​ရှေ့မှာ အခန့်​ဆုံးအ​ချောဆုံးဖြစ်​​အောင်​ ပြင်​​နေမိတယ်​...

Yeol's omma:သား​ရေ ဆင်းခဲ့​တော့​လေ ရေချိုးပြီးဆင်းခဲ့ပါဆို ကြာလှပြီ... uni​နောက်​ကျ​တော့မယ်​ ..

Yeol:Nae omma ...လာပြီ လာပြီ ...

အဲ့​တော့မှ yeolလဲ သူအကြိုက်​ဆုံး သူနဲ့အလိုက်​ဖက်​ဆုံးလို့ထင်​တဲ့ အင်္ကျီအဖြူ​ရောင်​​လေးနဲ့ ဂျင်း​ဘောင်းဘီမိုးပြာ​ရောင်​မှိုတက်​​လေးကိုဝတ်​လိုက်​ပြီး ​breakfast စားဖို့ဆင်းလာတယ်​...စားပြီး​တော့ ​uniသွား​တော့မယ်​ဆိုပြီး အိမ်​ကထွက်​လာတယ်​...

First Sight ( Hiatus )Where stories live. Discover now