First Sight ( Episode 18 )

1.1K 109 8
                                    

First Sight

Episode 18

ဒီ​နေ့က တက္ကသိုလ်​​နောက်​ဆုံးနှစ်​​ကျောင်းသား​တွေအတွက်​ ​Final စာ​မေးပွဲကြီး​ဖြေတာ ​နောက်​ဆုံး​နေ့ပါ ... Baek တို့​လေး​ယောက်​အတွက်​ တက္ကသိုလ်​​ကျောင်းသားဘဝရဲ့​နောက်​ဆုံး​နေ့​လေး​ပေါ့ ...

ပုံမှန်​အတိုင်းဆို စာ​မေးပွဲကြီးပြီးရင်​ Project လုပ်​ရ​သေး​ပေမယ့်​ သူတို့​ major​တွေက ကြိုဆင်​ပြီးလုပ်​ပြီးသွား​တော့ Exam ပြီးသွားလည်းထပ်​မ​တွေ့ရ​တော့ဘူး​လေ ...

ဒီ​နေ့​ ​Baek ကျောင်းလာ​တော့ ရင်​​တွေအရမ်းတုန်​​နေတယ်​ ... ​ဖြေရမယ့်​စာ​မေးပွဲအတွက်​မဟုတ်​ဘူး ... စာ​မေးပွဲပြီးရင်​ လုပ်​ရမယ့်​ကိစ္စ​တွေအတွက်​ပါ ...

Baek ဒီကိစ္စအတွက်​ဆုံးဖြတ်​ရတာ အရမ်းခက်​ပါတယ်​ ... ​တော်​​တော်​​လေးစဉ်းစားခဲ့ရတာ ...
ချစ်​ရသူနဲ့မိဘကြား ​အရမ်းကို​ဗျာများခဲ့ရတာ​လေ ... ​နောက်​ဆုံး ဆုံးဖြတ်​ချက်​ချ​တော့ ကိုယ့်​အတွက်​ကိုပဲကြည့်​ခဲ့မိတာ ... Baek အတွက်​ yeolကိုလိုအပ်​တယ်​​ ... yeolရဲ့အချစ်​​တွေ လိုအပ်​တယ်​​လေ ....
.
.
.

Flash back ...

Final Exam မ​ဖြေခင်​တစ်​ပတ်​အလို ...

Yeol : ဘာဖြစ်​လို့လဲ baekkie ? စာ​တွေမရ​သေးလို့လား ? ဘာ​နေရာနားမလည်​လို့လဲ ?

ချိန်းထားတဲ့​နေရာကို​ရောက်​လာလာချင်း ​တရစပ်​​မေး​နေတဲ့ yeol​ကြောင့်​ Baekအသာ​လေးပြုံးပြကာ ​ခေါင်း​လေးကိုပဲရမ်းပြလိုက်​တယ်​ ...

Yeol : မဟုတ်​ရင်​ ဘာဖြစ်​လို့လဲ kkie ? ဟင်​ ?

Baek : Baek ဆုံးဖြတ်​ပြီးပြီ Yeol ...

Yeol : ဘာကိုလဲ kkie ?

Baek : baek , yeol နဲ့မခွဲနိုင်​ဘူး ... အဲ့ဒါ​ကြောင့်​ စာ​မေးပွဲ​နောက်​ဆုံး​နေ့ကျရင်​ Baekတို့ထွက်​​ပြေးကြရ​အောင်​ ... ​နော်​ yeol ...

Yeol : ကိုယ်​လဲbaekkieနဲ့မခွဲနိုင်​ပါဘူးကွာ ... ဘာ​တွေဖြစ်​လို့လဲ ...ကိုယ့်​ကို​ပြောပါဦး ... Baekkie's appa တို့ကဘာ​ပြောလို့လဲ ... ကိုယ်​နဲ့သ​ဘောမတူဘူးတဲ့လား kkie ?

Baek : ဘာမှမ​ပြောဘူး ... ဒါ​ပေမယ့်​ Baekသိတယ်​ ... appaတို့တစ်​ခုခုစီစဉ်​​နေတာ baekသိတယ်​ yeol ...

First Sight ( Hiatus )Where stories live. Discover now