First Sight ( Episode 14 )

1.3K 139 0
                                    


First Sight

Episode 14

Yeol ကိုစိတ်​​ကောက်​သွားတဲ့ Baek တစ်​​ယောက်​​ ပြေးရင်း​ပြေးရင်းနဲ့ ​ကျောင်းပန်းခြံထဲ​တောင်​​ရောက်​သွားပြီ ...
ပါးစပ်​ကလဲ ပွစိပွစိနဲ့ ​သူ့နှုတ်​ခမ်းပါး​ပါး​လေးကို ​ထော်​​ထော်​ပြီး ရေရွတ်​​နေ​သေးတယ်​ ...

Baek : ဟွန်း ... Yeolစုတ်​ ... Yoda အစုတ်​အပြတ်​ကြီး ...ငါကသာ သူ့ကို အမြဲတမ်းဂရုတစိုက်​နဲ့ ... သူက​တော့ တစ်​ခြား​ကောင်​မ​လေး​တွေကိုပဲ မျက်​လုံးထဲမြင်​တယ်​ ... ငါ သူ့ကိုချစ်​​နေတာကြ မမြင်​ဘူး ... ဟင့်​ ...ဟင့်​... yoda စုတ်​ကြီး .....

.......................

စိတ်​​ကောက်​သွားတဲ့ Baek ကို လိုက်​​ချော့ဖို့ Yeol ​နောက်​ကအ​ပြေး​လေးလိုက်​သွားတယ်​ ....
ပြေး​နေရာက​နေ ကြည့်​လိုက်​​တော့ ​ကျောင်းပန်းခြံထဲ​တောင်​​ ​ရောက်​​နေပြီ ...
သိပ်​ကြာကြာ မလိုက်​လိုက်​ရပါဘူး ... Yeol , Baek ကို မှီသွားတယ်​ ... သူ့​ခြေတံ​တွေက Baek ထက်​ရှည်​တယ်​ဆို​တော့ ခဏ​လေးနဲ့ Baek ကိုမှီသွားတာ​ပေါ့ ...

Yeol : Baekkie ! ခဏ​လေး Baekkie !

Yeol မှီလဲမှီ​ရော Baek ကို ​ခေါ်ရင်းနဲ့ Baek ရဲ့လက်​က​လေးကိုလဲ ဆွဲထားလိုက်​တယ်​ ... သူ ခဏခဏကိုင်​ချင်​​နေခဲ့တဲ့ Baekရဲ့လက်​သွယ်​သွယ်​က​လေး .... အမြဲလိုလို သူတို့​လျှောက်​လည်​ကြတိုင်း လမ်းကူးဖို့လိုပြီဆို Yeolက ဘာမ​ပြော ညာမ​ပြောနဲ့ Baek ရဲ့ လက်​သွယ်​သွယ်​​လေး​တွေကို ဆွဲပြီးဆုပ်​ကိုင်​ခဲ့တာ ...လမ်းကူးပြီးရင်​လဲ လွှတ်​မ​ပေးဘူး ... ကိုင်​ထားဆဲပဲ.... Baek က ပြန်​လွှတ်​ခိုင်းမှ Yeolပြန်​လွှတ်​​ပေးခဲ့တာ ... မလွှတ်​ချင်​ လွှတ်​ချင်​နဲ့​ ... ခု​တော့ Yeol , Baek ရဲ့ လက်​က​လေး​တွေကို မလွတ်​တမ်း ဆုပ်​ကိုင်​ထားမိတယ်​ ....
သူ Baek ကို လက်​မလွှတ်​နိုင်​ပါဘူး​လေ ...

Baek : ဟင့်​အင်း ... လွှတ်​ ... Baek ကိုလွှတ်​ !

Baek က​တော့ Yeol့ လက်​ထဲက သူ့လက်​က​လေးကို ဆွဲထုတ်​ဖို့ရုန်း​နေပြီး ပါးစပ်​ကလဲ ​သူ့ကို လွှတ်​ဖို့​ပြော​နေတယ်​ .... မျက်​နှာ​လေးကလဲ ပြို​တော့မယ့်​မိုးလိုပဲ ...ငိုမဲ့မဲ့နဲ့ ...

First Sight ( Hiatus )Where stories live. Discover now