First Sight ( Episode 16 )

1.2K 120 4
                                    

First Sight

Episode 16

ဒီလိုနဲ့ သူတို့​လေး​ယောက်​တွဲလာတာ တက္ကသိုလ်​​နောက်​ဆုံးနှစ်​​ရောက်​လာပြီ ... ​ကျောင်းမှာ​တော့ သူတို့နှစ်​တွဲလုံးက နာမည်​ကြီးပဲ ...သိပ်​ချစ်​ကြတဲ့ ချစ်​သူ​တွေ​လို့​လေ ... တက္ကသိုလ်​မှာရှိတဲ့​ကျောင်းသား​တွေအားလုံးအတွက်​ စံပြစုံတွဲ​တွေလို့​တောင်​ ​ပြောကြတယ်​ ...

ကျောင်းမှာသာ သူတို့ကနာမည်​ကြီး ... သူတို့အိမ်​​တွေက​တော့ ခုထိမသိ​သေးဘူး​လေ ...Baek နဲ့ Sooတို့အိမ်​​တွေကပါ ...

Yeol နဲ့ kai အိမ်​က​တော့ သိတာကြာပြီ ... Second year ကတည်းက သူတို့ချစ်​သူ​လေး​တွေကိုအိမ်​​ခေါ်ပြီး မိတ်​ဆက်​​ပေးပြီးသား ... သူတို့​တွေအိမ်​ကလူကြီး​တွေကလဲ Baek နဲ့ Sooကို အရမ်းချစ်​ကြတယ်​​လေ ...

Baek တို့ကလဲ သူတို့အိမ်​​တွေကို တရားဝင်​အသိ​ပေးတာမျိုးပဲမလုပ်​ရ​သေးတာပါ ... Baek နဲ့ Soo က Yeolနဲ့Kaiကို သူတို့သူငယ်​ချင်း​တွေလို့ပဲ​ပြောထား​သေးတာ​လေ ...ချစ်​သူ​တွေလို့မ​ပြော​သေးဘူး ... အိမ်​ကရည်းစားမထားရဘူးလို့ ပိတ်​ပင်​မှာစိုးလို့တဲ့​လေ ... အတူသွားအတူလာနဲ့ အိမ်​ကိုအကြိုအပို့လုပ်​​ပေးကြတာ​တွေသိ​နေ​တော့ ရိပ်​​တော့ရိပ်​မိကြတယ်​ ...

ကျောင်းပြီးသွားရင်​ အိမ်​ကလူကြီး​တွေကိုအသိ​ပေးပြီး အိမ်​ကခွင့်​ပြုချက်​ရတာနဲ့ ​စေ့စပ်​ကြမယ်​ ... အလုပ်​ကိုယ်​စီနဲ့အ​ခြေကျပြီးဆိုမှ လက်​ထပ်​ကြမယ်​​ပေါ့ ... Wedding ကိုလဲ နှစ်​တွဲလုံးတူတူလုပ်​ကြမယ်​လို့ ​လေး​ယောက်​သားတိုင်​ပင်​ထားကြတယ်​​လေ ...

သူတို့တိုင်​ပင်​ထားသလိုဖြစ်​လာမလား ဆိုတာက​တော့ .........

........................

Baekတို့အတန်း ပထမအချိန်​ပြီးသွား​လို့ ဒုတိယအချိန်​အတွက်​ ဆရာမဝင်​ဘူးလို့ ​အတန်းEC က​ပြော​တော့ ​ကျောင်းသား​တွေ​​ပျော်​သွားကြတယ်​ ...
ဘယ်​လိုပဲ ​နောက်​ဆုံးနှစ်​​ကျောင်းသား​တွေလို့ပဲ​ပြော​ပြော ဆရာမလာရင်​​ပျော်​ကြတာ​တော့ ​ကျောင်းသားတိုင်းလိုလိုပဲမလား ...

First Sight ( Hiatus )Where stories live. Discover now