First Sight ( Episode 15 )

1.2K 121 0
                                    

Fight Sight

Episode 15

နေ့လည်​ခင်းပိုင်း​ရောက်​​သွားတော့ ...Freshers welcome ပွဲကြီးလဲ လှလှပပပြီးဆုံးသွားပြီ ... King ​တွေ Queen ​တွေ​ရွေးပြီးသွား​တော့... လူ​တွေစုရုံးစုရုံးနဲ့ ဓာတ်​ပုံ​တွေရိုက်​​နေကြပြီ ....​ Welcomeကွင်းကြီးလဲ ​ကျောင်းသား​ကျောင်းသူ​တွေနဲ့ အုန်းအုန်းကြွပ်​ကြွပ်​ဖြစ်​​နေကြပြီ ...

အဲ့ထဲမှာ Chanbaek နဲ့ Kaisoo တို့​လေး​ယောက်​​တော့မပါဘူး ... ဘယ်​ပါပါ့မလဲ .. သူတို့​တွေက ခုမှပူပူ​နွေး​နွေးဖြစ်​သွားတဲ့ချစ်​သူ​လေး​တွေနဲ့ ချစ်​ဆဲကြင်​နာဆဲ ... ချစ်​လို့မဝ ချစ်​စကား​တွေ​ပြောမကုန်​ဖြစ်​​နေကြတယ်​​လေ ... သူတို့အတွက်​ ​အေးချမ်းတဲ့​နေရာ​လေး​တွေမှာ​ပေါ့ ....

Yeol နဲ့ Baek ကလဲ ​ကျောင်း​ပန်းခြံထဲက ​ရေကန်​​လေး​ဘေးက သစ်​ပင်​​အောက်​မှာထိုင်​ရင်း ...
Baek က yeol့​ခြေ​ထောက်​​တွေကြားထဲဝင်​ပြီး...yeolရဲ့ရင်​ခွင်​ထဲမှာ ... yeolက​တော့ သူ့ရင်​ခွင်​ထဲက Baek ကို Back hug ​လေးဖက်​ထားပြီး အကြင်​နာချစ်​ခွန်း​တွေ​ခြွေ​နေကြတယ်​​လေ ... ချစ်​အနမ်း​လေး​တွေလဲ ပါတာ​ပေါ့ ...တစ်​ခါတစ်​ခါ Yeolရဲ့ခပ်​သြသြရီသံ​လေးနဲ့ Baekရဲ့တခစ်​ခစ်​ရီသံ​လေး​တွေလဲ ပျံလွင့်​လာတယ်​ ...

ဒီ​နေရာ​လေးက Yeolနဲ့Baekတို့အတွက်​ သာယာ​​အေးချမ်း​သော heaven ​လေး​ပါ ... Chanbaek's sweet heaven ​လေး ...

Yeol : Baekkie ! ဒီမှာကြည့်​ !

Yeolကဒီမှာကြည့်​ဆိုပြီးလက်​က​လေးဖြန့်​ပြ​တော့ ကလစ်​ပန်း​ရောင်​​လေးတစ်​ခု ... Baek သိတာ​ပေါ့ ..ဒီကလစ်​​လေးက ဟို​တစ်​​နေ့က shoppingထွက်​တုန်းက Baekသ​ဘောကျခဲ့တဲ့ကလစ်​​လေး .. ပိုက်​ဆံမ​လောက်​လို့မဝယ်​ခဲ့ရဘူး​လေ ...

Baek : အယ်​ ..ဟို​တစ်​​နေ့က ကလစ်​​လေးပဲ ... yeol ကဘယ်​လိုလုပ်​သိပြီးဝယ်​ခဲ့တာလဲ ?

Yeol : ကိုယ်​က Baekkie ကိုအမြဲအရိပ်​တည့်​ကြည့်​နဲ့​နေတဲ့သူပါ ... ကိုယ်​သိတာ​ပေါ့ ... Baekkie ဒီကလစ်​​လေးကိုသ​ဘောကျတယ်​ဆိုတာ ... အဲ့ဒါ​ကြောင့်​မို့ Baekkie တို့မုန့်​ဆိုင်​ထိုင်​​နေတုန်းက ကိုယ်​အပြင်​ထွက်​ဖုန်း​ပြောတာ Baekkie သိတယ်​မလား ...?

First Sight ( Hiatus )Where stories live. Discover now