Crazy's Love

9.2K 444 7
                                    


Chansoo ( yaoi )
Part -1

အတော်အတန်မြင့်တဲ့ ဗီရိုကြီးတခုထဲက
အကျအန စီထားတဲ့ shirt တွေကို တထည်ပြီး တထည် ရွေးချယ်နေသည့် လူတယောက်..
နောက်ဆုံးတော့ သူ့ စိတ်တိုင်းအကျဆုံး အဖြစ် ရွေးချယ်ခံလိုက်ရတဲ့
အဖြူသန့်သန့် shirtလေး တထည်ကို လှမ်းယူလိုက်ပြီး ကိုယ်ပေါ်မှာ နေရာချလိုက်သည် ...
ကိုယ်ခန္ဓာပေါ်က ဖွင့်ဟလျက်သား
ကြယ်သီးတွေကို တလုံးချင်းစီ အသေအချာ တပ်ရင်း သူ့ ပုံကို တကိုယ်လုံး ပေါ်တဲ့ ရှေ့ကမှန်ချပ်ကနေ ပြန်ကြည့်မိသည်....ထို့နောက် သူနောက်ကျော ပေးထားရာ နောက်ထပ်သော ဗီရိုကြီး တခုစီဘက်ကို လှည့်ပြီး များပြားစွာ ချိတ်ဆွဲထားတဲ့ long coat ထဲက ညာဘက်ထောင့်ဆုံးက တထည်ကို ရွေးချယ်လိုက်သည်...စားပွဲပေါ်တင်ထားတဲ့ အသစ်စက်စက် နာရီသစ် တလုံးကို လှမ်းယူပြီး သူ၏ ဘယ်ဘက် လက်မှာ ဆင်မြန်းလိုက်ပြန်သည်...ပွယောင်းနေတဲ့ ခေါင်းပေါ်က ဆံနွယ်တို့ကို လက်ဖဝါးနဲ့ အသာအယာ ဖိချရင်း မျက်စိထောင့်စွန်း၌ မြင်နေရသည့် စားပွဲတင် နာရီတလုံးဆီ သူ၏အကြည့်တွေကို ထားလိုက်သည်...

/ 8 နာရီ ထိုးပြီ /

အပြုံးတခုက သူ့မျက်နှာပေါ်က ဖြတ်ပြေးသွားပြီး...ပြတင်းပေါက် တခုဆီကို သူ ခပ်သွက်သွက် လျှောက်သွားသည်.....
တစစ လွင့်ပျံနေတဲ့ ခန်းစီးလိုက်ကာတွေကို ဖယ်ရှားရင်း သူ့အာရုံကို ရှေ့မှာမြင်တွေ့နေရတဲ့ လမ်းမပေါ်၌ သာ ထားလိုက်သည်....

မကြာခင်မှာ သူမျှော်ကြည့်နေရာ မလှမ်းမကမ်းက လှုပ်လှုပ်ရှားရှား အရိပ်တခုကို မြင်တွေ့လိုက်ရသည်...ထို အရိပ်ရဲ့ ပုံသဏ္ဌာန်တို့ တဖြည်းဖြည်း ရုပ်လုံး ပေါ်လာသည်နှင့်အမျှ
သူ့နှလုံးခုန်သံတွေလည်း အတိုင်းမဆ မြန်လာနေခဲ့သည်...တဆက်တည်းမှာပဲ သူ့ နှုတ်ခမ်းတို့ကို အထက်သို့ ထောင်တက်သည့်သဖွယ်....တနည်းအားဖြင့် သွားသုံးဆယ့်နှစ်ချောင်းလုံး မြင်ရလောက်မည့် အနေအထား
နှင့် သွားတို့ကိုဖြဲကာပြုံးရင်း ထိုအရိပ်ကို အသင့်ပြင်စောင့်နေလိုက်သည်...

နားနှစ်ဖက်လုံးတို့မှာ နားကျပ်တို့ကို တပ်ထားရင်း ရွေ့လျားနေသည့် ထိုအရိပ်က .....လူ တယောက်သာ...
ကျောင်းဝတ်စုံကို ဝတ်စားထားသဖြင့် ကျောင်းသား တယောက်
ဖြစ်နေမည်ဆိုသည်ကလည်း အသေအချာပင်....

Crazy's Crazy LoveWhere stories live. Discover now