Whom do I love ?

5.4K 427 150
                                    

ChanSoo ( Yaoi )
Final Part

" Baek... "

ဆေးရုံအတွင်းက ကုတင်ပေါ်မှာ အဖြူရောင်စောင်ကြီး
လွှမ်းခြုံထားတဲ့ ငြိမ်သက်နေသော ကိုယ်ခန္ဓာတခုကို
Baekhyun  ပါ ဆိုပြီး လိမ်ပြောနေကြတယ်....
မဟုတ်ဖူး...ဒါ အဖြစ်မှန် မဟုတ်ဖူး ...
Baekkie က  ဒီလို တယောက်တည်းထွက်သွားမယ့်သူ မဟုတ်ဖူး.....ဘယ်လိုမှ မဖြစ်နိုင်ဘူး !!!!

ရင်ထဲက နာကျင်မှုတွေအကြောင်း သူမှအစမဖော်ပေးရင် ကိုယ့်ဆန္ဒနဲ့ကို ထုတ်ပြောဖို့ဆိုတာ ဘယ်တော့မှ ဖြစ်လာမှာ မဟုတ်တဲ့သူလေး....
Park ChanYeol ဆိုတဲ့ သူတယောက် အကြောင်းကို ကာယံရှင် ကိုယ်တိုင်ထက်ကို ပိုသိနားလည်ခဲ့တဲ့သူလေး... Baekhyun....

/Baekhyun က ခု သူ့အနားမှာ မရှိတော့ဘူး.../

အား !!!!!!! မဟုတ်ဖူး....သူ့ကိုတယောက်တည်း ထားသွားရလောက်တဲ့ အထိ Baekhyun က အဲ့လောက် မရက်စက်ဖူး....
ဖယ်လိုက်ကြပါ....Baekhyun ကိုယ်ပေါ်က အဲ့ စောင်ကြီးကို ဖယ်ပေးကြပါ....Baekkie မွန်းကျပ်နေတော့မှာ...Baekkie က မွန်းကြပ်တာ မကြိုက်ဘူး....   ဖယ်ပစ်ရမယ်...
ဟုတ်တယ် ဖယ်ပစ်မယ်..

ChanYeol အရူးတယောက်လို Baekhyun ကုတင်နားပြေးသွားပြီး ကိုယ်ပေါ်က စောင်ကို ခပ်ကြမ်းကြမ်း ဆွဲဖယ်လိုက်သည်....

/  Baek...Baekkie !!!!/

" ထပါဦး...အရင်လို ကိုယ့်ကို စိတ်ကောက်ပေးပါဦး...ကိုယ်နောက်ကျသွားတာလေ...ကိုယ် မင်းဆီ အချိန်မှီ မလာနိုင်ခဲ့ဖူးလေ...ကိုယ့်ကို ခေါင်းအုံးတွေနဲ့ ရိုက်ပါဦး...ဘာလို့ နောက်ကျတာလဲ ဆိုပြီး ကိုယ့်ကို စိတ်ဆိုးပါဦး...ထပါဦး...ကိုယ့်ကို မနောက်နဲ့ပါတော့ကွာ...ထပါတော့နော်....နော်Baekkie...  "

သွေးရောင်မရှိ ဖြော့တော့နေတဲ့ Baekhyun ခန္ဓာကိုယ်သေးသေးလေးကို Chan Yeol အကြိမ်ကြိမ် ကိုင်လှုပ်ရင်း  မျှော်လင့်တကြီး အော်ဟစ် လှုပ်နိုးနေမိတယ်....

" Park ChanYeol shii စိတ်ထိန်းပါ "

ဘေးနားမှာရှိနေတဲ့ ဆရာဝန်ကြီးရဲ့ စိတ်ထိန်းဖို့ပြောတဲ့ စကားသံ....ကြားမိပေမယ့် မနာခံမိပါ....ရင်ထဲက ပူလောင်မှု အတိုင်းအဆကို သူမြင်မိပေမယ့် ခံစားသိနိုင်တာမှ မဟုတ်ပဲလေ.... ဘယ်လောက်ထိ လောင်ကျွမ်းနေခဲ့လဲ ဆိုတာ ဘယ်သူမှ ကိုယ်စား သိပေးနိုင်တာမှ မဟုတ်တာလေ....

Crazy's Crazy LoveWhere stories live. Discover now