Let him be mine

3K 329 23
                                    

Chansoo ( Yaoi )
Part - 7

" Byun Baekhyun အခု အရေးပေါ်ခန်းထဲ ရောက်နေပါတယ်"

တဖက်လေလှိုင်းက ဖြတ်ဝင်လာတဲ့ ထို သတင်းဆိုးကြီးဟာ Chanyeol ရင်ကို အဆမတန် ပူလောင်စေသည်....
ရုတ်တရက် ဦးနှောက်ထဲ အမှောင်အတိ ကျသွားသလို မိုက် ကတည်းဖြစ်သွားသည် အထိ သူ ပူလောင်သွားခဲ့သည်...ဒါဟာ သူ စိတ်အပူခဲ့ရဆုံး နှင့် မဖြစ်စေချင်ဆုံး အရာ တခုပင်...
သူ အနားမှာ မရှိပေးနိုင်သည့် ထိုအချိန်တွေမှာမှ Baekhyun တယောက်တည်း ဝေဒနာအားလုံးကို အလဲထိုးရမည့် အဖြစ်...
နောက်ပြီး အဆိုးဆုံးသော အခြေအနေတခု....
အား !!! မတွေးချင်ဘူး...မတွေးပါရစေနဲ့.....ဒီလို အတွေးမျိုးတွေ နောက်တကြိမ် ယောင်လို့တောင် မတွေးပါရစေနဲ့.....အရာအားလုံး
အဆင်ပြေသွားရမယ်...ကိုယ် လာနေပြီလေ...
Baekhyunnie ခနလေး စောင့်လှည့်ပါ....နောက်ကျနေပေမယ့် အရောက်လာနေတာမို့ ခနလေးပဲ စောင့်နေပေးပါ...တယောက်တည်းနဲ့ ရသလောက်ကို အနိုင်ယူထားနှင့်ပေးပါ....အတူတွန်းလဲနိုင်ဖို့ ကိုယ် မင်းဆီ လာနေပြီမို့ပါ...

/ ခဏလေးပဲ စောင့်နေပေးပါ Baekhyunnie /

< Crazy' crazy love >

အနည်းငယ် လေးပင်နေတဲ့ မျက်လုံးတို့ကို အားယူပြီး ဖွင့်လိုက်တော့ မီးအလင်းရောင် မှိန်မှိန်လေးသာ ဖွင့်ထားတဲ့ ဆေးရုံအခန်းထဲက အမှောင်ထုကလေးက Baekhyunကို ကြိုဆိုနေလျက်....

/ Chanyeol ! /

ဝမ်းဗိုက်ပေါ် တင်ထားတဲ့ Baekhyunလက်ပေါ်မှာ သူ့လက်တွေ ထပ်မိုးတင်ကာဆုပ်ကိုင်ထားပြီး သူ့ကုတင် စောင်းပေါ်မှာတင် ခေါင်းလေးတင်ကာ အိပ်နေသော Chanyeol....

ဘေးတဖက်ချထားတဲ့ Baekhyunရဲ့ တခြားသောလက်တဖက်က တဖြည်းဖြည်း Chanyeol ခေါင်းလေးဆီကို ဦးတည်သွားသည်....မျက်ဝန်း မှေးမှေးလေးတွေထဲက
မျက်ရည်ပေါက်လေးတွေကလည်း မရည်ရွယ်ပဲနှင့်ကို ကျလာကြပြန်သည်.....

ကျေးဇူးတင်ပါတယ် ကံကြမ္မာ....
ခုချိန်ထိ သူ့မျက်နှာလေး မြင်ခွင့်ရှိသေးလို့....
ခုချိန်ထိ သူ့လက်တွေ ဆုပ်ကိုင်ထားခွင့်ရှိသေးလို့...
ခုချိန်ထိ သူ့ကို ချစ်ခွင့်ရှိနေသေးလို့.....
တချိန်ချိန်မှာ အပြီးအပိုင် စွန့်လွှတ်လိုက်ရမှာ သိနေလည်း အခုချိန်မှာတော့ ဒီလက်တွေကို မဖြုတ်လိုက်ချင်သေးဘူး....
ကျနော့်ကြောင့် သူနာကျင်ရမှာဆိုးလို့ ကျနော်နဲ့ အဝေးဆုံးက နေရာသစ်တခုမှာ သူအသားကျသွားဖို့အတွက် တွဲထားတဲ့ ကျနော့်လက်တွေကို အပြီးအပိုင် လွှတ်ပေးလိုက်ဖို့ ဆုံးဖြတ်ခဲ့ပြီးမှ....
ကျနော် အတ္တကြီးစွာနဲ့ကို ပြန်ဆွဲထားမိတယ်.... မလွှတ်ပေးလိုက်ချင်သေးဘူး....
တခါတခါ နာကျင်စွာနဲ့ကို အောင့်အောင့် တက်လာတဲ့ နှလုံးသားက ခုထိ သူ့ကိုမြင်ရင် တဖျက်တဖျက်နှင့်ကို ခုန်နေတုန်း....
ကျနော်တို့ချစ်သူနှစ်ယောက် စကားဝိုင်းမှာ တဖြည်းဖြည်းနဲ့ နေရာယူစ ပြုလာနေတဲ့ ဟိုကောင်လေး အကြောင်းကို ကြားတိုင်း ကျနော့် မသိစိတ်ထဲ တိုးတိတ်စွာ အူတိုမိတုန်း....
ကျနော့်ချစ်သူ ရဲ့စိတ်အစဉ်မှာ တခြားသောသူတဦးရဲ့ တစစ နေရာဝင်ယူမှုကို ကြောက်စိတ်များနဲ့အတူ ကျနော် စိုးထိတ်မိနေတုန်း.....
ကျနော်ရဲ့ အထီးကျန်ဆန်လွန်းတဲ့ နေ့ဆက်ရက်တိုင်းမှာ ကျနော် သူ့ကို တောင်းတောင်းတတ လွမ်းနေတုန်း...
ကျနော် နာကျင်တဲ့ အခါတိုင်း သူ့ရဲ့နွေးထွေးသော ထွေးပွေ့မှုတွေကို ကျနော်လိုအပ်နေတုန်း....
နောက်ပြီး... ကျနော်ရင်ထဲက သူ့ကို သိပ်ချစ်နေတုန်းလေ....
အဲ့တာကြောင့် တကိုယ်ကောင်းဆန်တဲ့ ဆုတောင်းတခုကို ပြုပါစေ မြားနတ်မောင်....
မင်း ခုသွယ်ဖို့ ကြိုးစားနေတဲ့ အချစ်ကြိုးကို ထပ်ပြီးမခိုင်မာလာခင်မှာ ဖြတ်တောက်ပေးလှည့်ပါ....
ထပ်ပြီး အတ္တကြီးစွာ ဆုတောင်းခွင့်ပြုပါ....
ငါ ချစ်သူ့ရဲ့ စိတ်ဝိဥာဏ်နှလုံးသား တို့ကို
ငါ့ တယောက်တည်းပိုင်ဆိုင်ခွင့်ပြုပေးလှည့်ပါ
မြားနတ်မောင်....

Crazy's Crazy LoveTahanan ng mga kuwento. Tumuklas ngayon