I'm Sorry

3K 303 20
                                    

ChanSoo ( Yaoi )
Part - 9

" Chan Yeol , သား ရော့ "

ထမင်းစားပွဲကြီး ထိပ်မှာထိုင်နေတဲ့ Kyungsoo အမေက သူမရဲ့ ဝဲဘက်ကထိုင်ခုံမှာထိုင်နေတဲ့ Chan yeol ကို ပစ္စည်း တခု လှမ်းပေးတယ်...
ဖုန်း အသစ် တစ်လုံး.....

ထမင်းစားနေရင်းက ရုတ်တရက်ကြီး ထုတ်ပေးတော့ Chan Yeol လက်ထဲက တူကို ချလိုက်ပြီး ငြင်းမိတယ်....

" မ...မလိုပါဘူး အန်တီ....ပျက်သွားတဲ့ ဖုန်းကို
ပြင်စရိတ်ပေးထားတာပဲ လေ....မကြာခင် ကောင်းသွားမှာပါ..အသစ်တစ်လုံး မလိုပါဘူးဗျာ... "

Chan Yeol ရဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး ထမင်းစားနေတဲ့ Kyungsoo ကတော့ သူနဲ့မဆိုင်သလိုပင် စကားတခွန်းမှ မ ဟ....တိတ်ဆိတ်စွာ ထမင်းကိုသာ စားရင်း
ထိုစကားဝိုင်းထဲ ဝင်မပါခဲ့....

" ဘယ်ဟုတ်ပါ့မလဲသားရယ်..ဖုန်းက တော်တော်လေး ပျက်သွားတာ မလား....အန်တီ အားနာလို့ပါ....ဟိုက ပြင်တာတော့ ပြင်ထားပေမယ့် ဒီအတွင်းမှာ သုံးလို့ရအောင်ပါ...ယူထားပါ "

"ရပါတယ်....မကြာခင် ပြန်ရတော့မှာပါ...
မယူပါရစေနဲ့ "

"အဲ့ ဖုန်း Kyungnie ယူမယ် Ma "

ရုတ်တရက် ဝင်ပြောလာတဲ့ Kyungsoo ကြောင့်
Kyungsoo Omma အပါအဝင် ChanYeol ပါ ထူးဆန်းသလို Kyungsoo ကို လှမ်းကြည့်လိုက်ကြတယ်....

"Kyungnie ~ "

လေသံဖွဖွလေးနဲ့ Kyungsoo နာမယ်ကို သူမ ခေါ်လိုက်သည်....

" Kyungnie လည်း ဖုန်းကိုင်ချင်တယ်...အာ့မှ နောက်ဆို ဖုန်းသံကို လန့်ပြီး မလွှင့်ပစ်မိတော့မှာပေါ့...ဟုတ်တယ်မလား Chan Yeol "

တအံ့တဩ နဲ့ သူ့ကို ငေးကြည့်နေသည့် Chan Yeol ကိုပင် အဖော်စပ်၍ သူ့စကားကို လှမ်းအထောက်ခံ ခိုင်းလိုက်သေးသည်...

Chan Yeol အတွက် Kyungsoo သူ့ဖုန်းကို လွှင့်ပစ်ရခြင်းမှာ ဘာကြောင့်မှန်းမသိရတဲ့ မေးခွန်းတခုမို့ အဲ့အတွက် အဖြေကို ခုမှ ရလိုက်သည်...
လန့်လို့ ပစ်လိုက်တာ တဲ့....

" အော်...အင်း..အင်း...နောက်ဆို ငါ Silent လုပ်ထားပါ့မယ်...မင်း လန့်သွားမယ် မထင်မိလို့ "

/ အဲ့ထဲက ပုံပါ တခါတည်း မင်းဖျောက်ပစ်လိုက်သင့်တာ
Chan Yeol /

Kyungsoo အတွေးတခုကို ပုံဖော်လိုက်ပေမယ့် ထိုအတွေးနဲ့ ဆန့်ကျင်ဘက် စကားလုံးတို့သာ သူ့နှုတ်က ထွက်ကျလာခဲ့သည်.....

Crazy's Crazy LoveWhere stories live. Discover now