What is love ?

3K 311 11
                                    

Chansoo ( Yaoi )
Part-6

တုန်ရင်နေသော Kyungsoo ကိုယ်သေးသေးလေးက Chanyeol လက်တွေကြားမှာ ရုတ်ချည်း  ငြိမ်သက်သွားပြီး.....ဝိုင်းစက်နေတဲ့ သူ့မျက်လုံးပြူးပြူးတို့က သူ့တကိုယ်လုံးကို မချီထားတဲ့ Chanyeol မျက်ဝန်းတွေထဲ တအံ့တဩ စိုက်ကြည့်နေမိသည်...

"ဘာမှ မကြောက်နဲ့ ငါရှိတယ် "

ပြူးကြည့်နေသော သူ့မျက်ဝန်းတည့်တည့်ကို ပြန်စိုက်ကာကြည့်ရင်းက Chanyeol ထိုစကားကို ဆိုခဲ့သည်....

ရုတ်တရက်ကြီးကို လှုပ်ရှားမှုတို့ မြန်ဆန်လာတဲ့ ရင်ဘတ်ထဲက နှလုံးသားကို ထိန်းချုပ်ဖို့ရာ...ကိုယ့်အကျီင်္စကို သာ Kyungsoo တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်မိသည်....

ထို့နောက် သူ့နားရွက်နားမှာ အတိုင်းသား ကြားနေရတဲ့ Chanyeol ရင်ဘတ်ထဲက နှလုံးခုန်သံတို့ကို တိတ်တဆိတ် ရေတွက်ရင်း Kyungsoo မျက်နှာမှာ အပြုံးရိပ်လေးတခုက တိုးတိတ်စွာ နေရာယူသွားခဲ့တော့သည်....

************Crazy' crazy love************

Chanyeol ရေချိုးခန်းထဲက Bath tub ထဲတွင် သူ့ရင်ခွင်ထဲက Kyungsooကို အသာအယာချလိုက်ပြီး အဝတ်အစားများ သွားထုတ်ဖို့ တဖက်သို့ ပြန်လှည့်လိုက်သည်....

" ဟင် "

အနောက်မှ တစုံတခုရဲ့ ဆွဲထားခံသလို ခံစားချက်ကြောင့် ပြန်လှည့်ကြည့်လိုက်တော့ သူ့အကျီ အစွန်းနားလေးကို တုန်တုန်ရင်ရင် နှင့်ဆွဲထားပြန်တဲ့ Kyungsoo ကိုတွေ့လိုက်ရသည်....

" သွား....သွားတော့မှာလား "

အမေထွက်သွားမှာကို သေမတတ်ကြောက်နေသည့် ကလေးလေး တယောက်လို...
Kyungsoo က သူထွက်သွားမည်ကို သိပ်ကိုစိုးထိတ်နေသလိုပင်....

/ သူ ငါ့ကို အရမ်း ခင်တွယ်တာ ပဲ /

Chanyeol စိတ်ထဲကပင် မှတ်ချက်တခု ချရင်း သူ့ကိုလှမ်းဆွဲထားသည့် Kyungsoo လက်လေးကို ညင်ညင်သာသာ ဆွဲကိုင်လိုက်လေသည်...
ရေချိုးကန်ဘေးမှာ ဒူးထောက်ထိုင်ရင်း ကန်အတွင်းက Kyungsoo မျက်နှာလေးကို သေချာစိုက်ကြည့်ကာ စိတ်ချပါ ဆိုသည့် အပြုံးတခုကို ဖန်ဆင်းပြလိုက်သည်...

" ငါ မသွားသေးပါဘူး...မင်းကိုယ်လက်သန့်စင်ပြီးရင် အဝတ်အစား အသစ်လဲရမယ်လေ...အာ့တာ သွားယူပေးမလို့"

Crazy's Crazy LoveWhere stories live. Discover now