Accepted ???

3.5K 326 8
                                    

Chansoo (Yaoi)
Part-3

ရုံးခန်းဟု ထင်ရသည့် အခန်းတွင်းတွင် အသက်ခပ်လတ်လတ် နှင့် အဆင့်အတန်းရှိသည့် ပုံသဏ္ဌာန်ဖြင့်
အမျိုးသမီးတဦးက စာရွက်စာတမ်းများ အကြား အလုပ်ရှုပ်နေလျက်ရှိနေသည်..
ခနအကြာ တွင် တံခါးခေါက် သံတချက်ကို ကြားလိုက်ရပြီး ထိုအခန်းတွင်းသို့ အကျီင်္နက်နှင့် လူတစ်ဦး ဝင်ရောက်လာသည်...

ထိုလူက အခန်းတွင်းမှ အမျိုးသမီးကို ဦးညွတ်ကာ အရိုအသေပေးရင်း လက်က ကိုင်ဆောင်လာသည့် ဖိုင်တွဲအား ထိုအမျိုးသမီး ရှေ့တွင် ချပေးသည်...

" စုံစမ်းလို့ ရလာပြီပေါ့ "

အမျိုးသမီးက သာသာယာယာ စကားတခွန်းကို ဆိုရင်း ဖိုင်တွဲကို ကောက်ယူကြည့်လိုက်သည်...

"ဟုတ်ကဲ့ပါ သူဠေးကတော် "

ဖိုင်အတွင်းမှ ပထမဆုံး ထွက်လာသည်က ဓာတ်ပုံနှစ်ပုံ....ထို့နောက် တခြားတခြားသော စာရွက်စာတမ်းများ...

သူမက ပထမဆုံး ဓာတ်ပုံလေး တစ်ပုံကို ကောက်ယူကြည့်လိုက်သည်...
မျက်လုံးမှေးမှေး လေးများကို အထင်းဆုံးအဖြစ် မြင်နေရပြီး ချစ်စဖွယ် ပြုံးကာနေသည့် ကောင်လေးတယောက်၏ ပုံကို သူမ မြင်လိုက်ရသည်...

"သူ့ နာမယ်က Byun Baekhyun
အသက်က သခင်လေးနဲ့ အတူတူပါပဲ...အခု အထက်တန်း ဒုတိယ နှစ်ကို တက်နေပါတယ်...သူက အဲ့နေ့က သခင်လေး ပြေးလိုက်သွားတဲ့ ကောင်လေးနှစ်ယောက်ထဲက ဆေးရုံဝတ်စုံကို ဝတ်ဆင်ထားတဲ့တယောက်ပါ "

"ဆေးရုံ ဝတ်စုံ ?"

"ဟုတ်ကဲ့...ကောင်လေးက မွေးရာပါ နှလုံးရောဂါ ရှိတယ်လို့ သိရပါတယ် "

"အော်...သနားစရာပဲ "

ထို့နောက် သူမ ဖိုင်အတွင်းက နောက်ထပ် ကျန်ရှိနေတဲ့ ဓာတ်ပုံလေးကို ကောက်ယူလိုက်ပြီး...

"သူက ရော ? "

"ဟုတ်ကဲ့ သူ့နာမယ်က Park Chanyeol ပါ ...Byun Baekhyun ရဲ့ အရင်းနှီးဆုံး သူငယ်ချင်းလို့သိရပါတယ်...ဒါပေမယ့် "

"ဒါပေမယ့် ? "

"ဟို...ပြောရမှာတော့ တမျိုးကြီး ဖြစ်နေပေမယ့်..သူတို့နှစ်ယောက်က သာမာန် သူငယ်ချင်းထက် ပိုတဲ့ ဆက်ဆံရေးလို့ သိရပါတယ်.. "

Crazy's Crazy LoveWhere stories live. Discover now