PROMISE

8.6K 568 10
                                    

Part 1

KaiSoo Romance Love Story

၁၆ နှစ်​ ....၁၆ နှစ်​ ဆိုတဲ့ သူ့  အရွယ်​က လူကြီး ​တွေ ​ပြော​ပြော ​နေတဲ့ မိန်းက​လေး​တွေ ဆို ရင်​ သစ်​ရွက်​​လေး လှုပ်​သွားတာ​တောင်​ ရင်​ခုန်​တတ်​တဲ့ အရွယ်​...အခု သူလည်း ၁၆ နှစ်​ ပြည့်​ပြီ လူကြီး ​တွေ ​ပြောသလို...... သူက မိန်းက​လေး မဟုတ်​​ပေမယ့်​ သူ ဆိုတဲ့ အဲ့ သူကို ​တွေ့ တိုင်း သူ့ရင်​​တွေထိန်းမ​ရ​အောင်​ ခုန်​ခဲ့တာ...ဘာ​တွေ ဘဲ ဖြစ်​​နေပါ​စေ သူ့ အနားမှာဘဲ ရှိချင်​ခဲ့တာ သူ့ အတွက်​ဆိုရင်​ အသက်​ပါ ​ပေးဆပ်​နိုင်​သည်​ အထိ ချစ်​​နေတာ...... အဲ့ သူက သူ့ရဲ့ တစ်​ဉီးတည်း​သော Do Kyung Soo ဆိုတဲ့ ​ကောင်​​လေး .....အရမ်း ချစ်​ဖို့ ​ကောင်းတဲ့ သူ့  အချစ်​ဉီးပါ

¥¥¥¥¥¥

Jongin ​နောက်​ဆုံး အ​နေနဲ့ လွယ်​ အိတ်​မလွယ်​ခင်​ မှန်​ထဲမှာ​ပေါ်​နေတဲ့ သူ့ပုံရိပ်​ကို တစ်​ချက်​ ပြန်​ကြည့်​ လိုက်​သည်​....​ကျောင်းအင်္ကျီ အဖြူ​လေး ​ပေါ်မှာ Necktie ​လေးကလည်း ပုံကျ စွာ ဖြစ်​​နေ​တော့ သူနဲ့ လိုက်​ဖက်​သည်​ ဟု သူထင်​​ပါသည်​...... မ​နေ့ကမှပုံသွင်းလာတဲ့သူ့ ဆံပင်​ ညိုညို​လေး​တွေ ကလည်း ဂျယ်​ ရဲ့ အကူ အညီ​ကြောင့်​ စတိုင်​ ကျ​နေသည်​....​ကျောင်းက ​ပေးတဲ့ ​ဘောင်းဘီ ကြီးက ပုံမကျ ဟု သူ ထပ်​တလဲလဲ ​ပြော​နေတဲ့ ​ဘောင်းဘီ ​​လေး ကလည်း ပုံကျ​နေတယ်​​လေ..ဘယ်​ရမလဲ Kim Jongin ပါတဲ့ ​ကျောင်းက ​ပေးတဲ့ ​ဘောင်းဘီ ကြီးက ထည့်​ပုံစံ ရိုးရိုးကြီးဖြစ်​​နေတာမို့ သူ အပ်​ချုပ်​ဆိုင်​မှာ ​အောက်​ရှူး​လေးဖြစ်​​အောင်​ ပြင်​ခိုင်းထားတာ..​နောက်​ဆုံး အ​နေနဲ့ ​အောက်​မဆင်းခင်​ ​ရေ​မွှေး​လေး ဖျန်းကာ MCM အိတ်​​လေးကို ​ကောက်​လွယ်​ပြီး ​အောက်​ထပ်​ ဆင်းခဲ့သည်

အောက်​​ရောက်​​တော့ စိန်​​တွေကို မှန်​ဘီလူးနဲ့ ကြည့်​​နေတဲ့ Omma

သူ့ Omma က သူ့ကို တစ်​ချက်​ လှမ်းကြည့်​ပြီး

သား ပဲ​တွေ များ​နေသလိုဘဲ ​ကျောင်းသွားမှာလား ရည်​စား အရှာသွားတာလား ဆိုတဲ့ သူ့ Omma စကားကို သူပြုံးကာ သူ့ Omma ​ဘေးကို ၀င်​ထိုင်​ကာ ဖက်​လိုက်​ပြီး

RROMISE...Where stories live. Discover now